အဂတိလိုက်စားမှုကင်းရှင်းစေရေးနှင့်ပတ်သက်၍ ဆွေးနွေးပွဲကျင်းပခြင်း

  • Tue, 13 March 2018

အဂတိလိုက်စားမှုကင်းရှင်းစေရေးနှင့်ပတ်သက်၍ ဆွေးနွေးပွဲကျင်းပခြင်း


ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၁၁)၌ ၁၂-၃-၂၀၁၈ (တနင်္လာနေ့) နံနက်(၈)နာရီ တွင်ပြုလုပ်သော ဝန်ကြီးဌာန၏ လေးလပတ် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ဦးဟန်ညွန့်က အဂတိလိုက်စားမှုကင်းရှင်းစေရေးနှင့်ပတ်သက်သည့် မူဝါဒနှင့် စည်းမျဉ်းစည်းကမ်းများ ခေါင်းစဉ်အား ဟောပြောဆွေးနွေးခဲ့ပါသည်။

အဆိုပါဆွေးနွေးပွဲသို့ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်၊ ပြည်သူ့လွှတ်တော်၊ ပို့ဆောင်ရေးဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးတင်မောင်ဝင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးကျော်လင်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အင်ဂျင်နီယာချုပ်များနှင့် အရာထမ်း၊ အမှုထမ်း ၃၉၀ ဦး တက်ရောက်ခဲ့ပါသည်။

ထို့နောက် တက်ရောက်လာကြသော အရာထမ်း(၅)ဦးမှ မေးမြန်းသည့် မေးမြန်းချက်များ  အား အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ဦးဟန်ညွန့်က ပြန်လည်ဖြေကြားခဲ့ကြောင်း သတင်းရရှိပါသည်။

ဆက်စပ် သတင်းများ