အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး ဆရာ/ ဆရာမများ မွမ်းမံသင်တန်းတွင် အသိပညာပေးဆွေးနွေးမှု အစီအစဉ်များ ကျင်းပ

  • Tue, 26 March 2024

နေပြည်တော်၊ မတ်လ ၂၆ ရက်

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သည် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာရရှိစေရန်၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်များတွင် နိုင်ငံ့ဝန်ထမ်းများ ပူးပေါင်းပါဝင်လာစေရန်၊ အဂတိလိုက်စားမှုကို လုံးဝလက်မခံသည့် လူမှုအသိုက်အဝန်းတစ်ခု တည်ဆောက်ရာတွင် အဓိကကျသည့် ဆရာ/ဆရာမများ၏ အခန်းကဏ္ဍကို မြှင့်တင်ရန်အတွက် ပညာရေးဝန်ကြီးဌာနမှ ဖွင့်လှစ်သည့် ဆရာ/ဆရာမမွမ်းမံသင်တန်းများတွင် အသိပညာပေး ဆွေးနွေးခြင်းအစီအစဉ်များကို နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ဒက္ခိဏသီရိမြို့နယ် လယ်ဝေးမြို့၊ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များ၊ ပဲခူးမြို့၊ ထားဝယ်မြို့၊ မကွေးမြို့၊ ပုသိမ်မြို့၊ မြစ်ကြီးနားမြို့၊ မော်လမြိုင်မြို့နှင့် တောင်ကြီးမြို့တို့ရှိ အခြေခံပညာအထက်တန်းကျောင်းများတွင် “အဂတိလိုက်စားမှု တိုက်ဖျက်ရေးတွင် နိုင်ငံ့ဝန်ထမ်းများ၏ အခန်းကဏ္ဍနှင့် ကျောင်းပညာရေးကဏ္ဍ” ခေါင်းစဉ်ဖြင့် အသိပညာပေး အစီအစဉ်များ ဆောင်ရွက်ခဲ့ကြပါသည်။


အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ အသိပညာပေးရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး က နေပြည်တော်၊ ဒက္ခိဏ အထက(၁၈)၌ အဂတိလိုက်စားမှု တိုက်ဖျက်ရေးတွင် နိုင်ငံ့ဝန်ထမ်းများ၏ အခန်းကဏ္ဍနှင့် ကျောင်းပညာရေးကဏ္ဍ အသိပညာပေးဆွေးနွေးခြင်း


အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးဌာနခွဲမှ ညွှန်ကြားရေးမှူးက ပုသိမ်မြို့ရှိ အထက(၂)၌ အဂတိလိုက်စားမှု တိုက်ဖျက်ရေးတွင် နိုင်ငံ့ဝန်ထမ်းများ၏ အခန်းကဏ္ဍနှင့် ကျောင်းပညာရေးကဏ္ဍ အသိပညာပေးဆွေးနွေးခြင်း


အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ ပိုင်ဆိုင်မှုကြေညာလွှာစိစစ်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး က မြစ်ကြီးနားမြို့ရှိ အထက(၂)၌ အဂတိလိုက်စားမှု တိုက်ဖျက်ရေးတွင် နိုင်ငံ့ဝန်ထမ်းများ၏ အခန်းကဏ္ဍနှင့် ကျောင်းပညာရေးကဏ္ဍ အသိပညာပေးဆွေးနွေးခြင်း


ကော်မရှင်ရုံးခွဲ(ရန်ကုန်)မှ ဒုတိယညွှန်ကြားရေးမှူး က ရန်ကုန်မြို့၊ မြောက်ဥက္ကလာ အထက (၁)၌ အဂတိလိုက်စားမှုတိုက်ဖျက်ရေးတွင် နိုင်ငံ့ဝန်ထမ်းများ၏ အခန်းကဏ္ဍနှင့် ကျောင်းပညာရေးကဏ္ဍ အသိပညာပေးဆွေးနွေးခြင်း


ကော်မရှင်ရုံးခွဲ(မန္တလေး)မှ ညွှန်ကြားရေးမှူး က မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်ရှိ အထက(၁)၌ အဂတိလိုက်စားမှုတိုက်ဖျက်ရေးတွင် နိုင်ငံ့ဝန်ထမ်းများ၏ အခန်းကဏ္ဍနှင့် ကျောင်းပညာရေးကဏ္ဍ အသိပညာပေးဆွေးနွေးခြင်း


ကော်မရှင်ရုံးခွဲ(တောင်ကြီး)မှ ညွှန်ကြားရေးမှူး က တောင်ကြီးမြို့၊ အထက(၃)၌ အဂတိလိုက်စားမှုတိုက်ဖျက်ရေးတွင် နိုင်ငံ့ဝန်ထမ်းများ၏ အခန်းကဏ္ဍနှင့် ကျောင်းပညာရေးကဏ္ဍ အသိပညာပေးဆွေးနွေးခြင်း


ကော်မရှင်ရုံးခွဲ(မော်လမြိုင်)မှ ဒုတိယညွှန်ကြားရေးမှူး က မော်လမြိုင်မြို့၊ အထက(၆)၌ အဂတိလိုက်စားမှုတိုက်ဖျက်ရေးတွင် နိုင်ငံ့ဝန်ထမ်းများ၏ အခန်းကဏ္ဍနှင့် ကျောင်းပညာရေးကဏ္ဍ အသိပညာပေးဆွေးနွေးခြင်း


အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ စုံစမ်းစစ်ဆေးရေးဌာနခွဲမှ ညွှန်ကြားရေးမှူး က မကွေးမြို့၊ အထက(၂)၌ အဂတိလိုက်စားမှုတိုက်ဖျက်ရေးတွင် နိုင်ငံ့ဝန်ထမ်းများ၏ အခန်းကဏ္ဍနှင့် ကျောင်းပညာရေးကဏ္ဍ အသိပညာပေးဆွေးနွေးခြင်း


အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ တားဆီးကာကွယ်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူးက ပဲခူးမြို့ အထက (၁) ၌ အဂတိလိုက်စားမှုတိုက်ဖျက်ရေးတွင် နိုင်ငံ့ဝန်ထမ်းများ၏ အခန်းကဏ္ဍနှင့် ကျောင်းပညာရေးကဏ္ဍ အသိပညာပေးဆွေးနွေးခြင်း


အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ သိမ်းဆည်းပစ္စည်းစီမံခန့်ရေးဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှူးက ရန်ကုန်မြို့၊ ဗိုလ်တစ်ထောင်အထက (၆) ၌ အဂတိလိုက်စားမှုတိုက်ဖျက်ရေးတွင် နိုင်ငံ့ဝန်ထမ်းများ၏ အခန်းကဏ္ဍနှင့် ကျောင်းပညာရေးကဏ္ဍ အသိပညာပေးဆွေးနွေးခြင်း


အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ သိမ်းဆည်းပစ္စည်းစီမံခန့်ရေးဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှူးက ရန်ကုန်မြို့၊ မရမ်းကုန်း အထက (၁) ၌ အဂတိလိုက်စားမှုတိုက်ဖျက်ရေးတွင် နိုင်ငံ့ဝန်ထမ်းများ၏ အခန်းကဏ္ဍနှင့် ကျောင်းပညာရေးကဏ္ဍ အသိပညာပေးဆွေးနွေးခြင်း


အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ စုံစမ်းစစ်ဆေးရေးဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး က လသာ အထက(၁)၌ အဂတိလိုက်စားမှုတိုက်ဖျက်ရေးတွင် နိုင်ငံ့ဝန်ထမ်းများ၏ အခန်းကဏ္ဍနှင့် ကျောင်းပညာရေးကဏ္ဍ အသိပညာပေးဆွေးနွေးခြင်း

ဆက်စပ် သတင်းများ