အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး ဆရာ/ဆရာမများ မွမ်းမံသင်တန်းတွင် အသိပညာပေးဆွေးနွေးမှု အစီအစဉ်များကျင်းပ

  • Mon, 25 March 2024

နေပြည်တော်၊ မတ်လ ၂၅ ရက်

        အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာရရှိစေရန်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး လုပ်ငန်းစဉ်များတွင် နိုင်ငံ့ဝန်ထမ်းများ ပူးပေါင်းပါဝင်လာစေရန်၊ အဂတိလိုက်စားမှုကို လုံးဝလက်မခံသည့် လူမှုအသိုက်အဝန်းတစ်ခု တည်ဆောက်ရာတွင် အဓိကကျသည့် ဆရာ/ဆရာမများ၏ အခန်းကဏ္ဍကို မြှင့်တင်ရန်အတွက် ပညာရေးဝန်ကြီးဌာနမှ ဖွင့်လှစ်သည့် ဆရာ/ဆရာမ မွမ်းမံသင်တန်းများတွင် အသိပညာပေး ဆွေးနွေးခြင်း အစီအစဉ်များကို  နေပြည်တော်ကောင်စီ နယ်မြေအတွင်းရှိ ပျဉ်းမနားမြို့၊ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များ၊ ထားဝယ်မြို့၊ မကွေးမြို့၊ ပုသိမ်မြို့၊ မြစ်ကြီးနားမြို့၊ မော်လမြိုင်မြို့နှင့် တောင်ကြီးမြို့တို့ရှိ အခြေခံပညာအထက်တန်းကျောင်းများတွင် “အဂတိလိုက်စားမှုတိုက်ဖျက်ရေးတွင် နိုင်ငံ့ဝန်ထမ်းများ ၏အခန်းကဏ္ဍနှင့် ကျောင်းပညာရေးကဏ္ဍ” ခေါင်းစဉ်ဖြင့် အသိပညာပေးအစီအစဉ်များ ဆောင်ရွက်ခဲ့ကြပါသည်။

ဆရာ/ဆရာမမွမ်းမံသင်တန်းများ၌ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးမှ အရာထမ်းများက အဂတိလိုက်စားမှုတိုက်ဖျက်ရေးတွင် နိုင်ငံ့ဝန်ထမ်းများ၏ အခန်းကဏ္ဍနှင့် ကျောင်းပညာရေးကဏ္ဍ အသိပညာပေးဆွေးနွေးခြင်း


အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ အသိပညာပေးရေးနှင့် ပြည်သူ့ဆက်ဆံရေးဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး က နေပြည်တော်၊ ပျဉ်းမနားရှိ အထက(၃)၌ အဂတိလိုက်စားမှု တိုက်ဖျက်ရေးတွင် နိုင်ငံ့ဝန်ထမ်းများ၏ အခန်းကဏ္ဍနှင့် ကျောင်းပညာရေးကဏ္ဍ အသိပညာပေးဆွေးနွေးခြင်း


အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရုံး၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးဌာနခွဲမှ ညွှန်ကြားရေးမှူးက ပုသိမ်မြို့ရှိ အထက(၁)၌ အဂတိလိုက်စားမှု တိုက်ဖျက်ရေးတွင် နိုင်ငံ့ဝန်ထမ်းများ၏ အခန်းကဏ္ဍနှင့် ကျောင်းပညာရေးကဏ္ဍ အသိပညာပေးဆွေးနွေးခြင်း


အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ ပိုင်ဆိုင်မှုကြေညာလွှာစိစစ်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး က မြစ်ကြီးနားမြို့ရှိ အထက(၁)၌ အဂတိလိုက်စားမှု တိုက်ဖျက်ရေးတွင် နိုင်ငံ့ဝန်ထမ်းများ၏ အခန်းကဏ္ဍနှင့် ကျောင်းပညာရေးကဏ္ဍ အသိပညာပေးဆွေးနွေးခြင်း


ကော်မရှင်ရုံးခွဲ(ရန်ကုန်)မှ ဒုတိယညွှန်ကြားရေးမှူး က ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်ရှိ အထက(၁)၌ အဂတိလိုက်စားမှုတိုက်ဖျက်ရေးတွင် နိုင်ငံ့ဝန်ထမ်းများ၏ အခန်းကဏ္ဍနှင့် ကျောင်းပညာရေးကဏ္ဍ အသိပညာပေးဆွေးနွေးခြင်း


ကော်မရှင်ရုံးခွဲ(မန္တလေး)မှ ညွှန်ကြားရေးမှူး က မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်ရှိ အထက(၁၄)၌ အဂတိလိုက်စားမှုတိုက်ဖျက်ရေးတွင် နိုင်ငံ့ဝန်ထမ်းများ၏ အခန်းကဏ္ဍနှင့် ကျောင်းပညာရေးကဏ္ဍ အသိပညာပေးဆွေးနွေးခြင်း



ကော်မရှင်ရုံးခွဲ(တောင်ကြီး)မှ ညွှန်ကြားရေးမှူး က တောင်ကြီးမြို့၊ အထက(၄)၌ အဂတိလိုက်စားမှုတိုက်ဖျက်ရေးတွင် နိုင်ငံ့ဝန်ထမ်းများ၏ အခန်းကဏ္ဍနှင့် ကျောင်းပညာရေးကဏ္ဍ အသိပညာပေးဆွေးနွေးခြင်း


ကော်မရှင်ရုံးခွဲ(မော်လမြိုင်)မှ ဒုတိယညွှန်ကြားရေးမှူး က မော်လမြိုင်မြို့၊ အထက(၆)၌ အဂတိလိုက်စားမှုတိုက်ဖျက်ရေးတွင် နိုင်ငံ့ဝန်ထမ်းများ၏ အခန်းကဏ္ဍနှင့် ကျောင်းပညာရေးကဏ္ဍ အသိပညာပေးဆွေးနွေးခြင်း


အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ စုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး က မကွေးမြို့၊ အထက(၄)၌ အဂတိလိုက်စားမှုတိုက်ဖျက်ရေးတွင် နိုင်ငံ့ဝန်ထမ်းများ၏ အခန်းကဏ္ဍနှင့် ကျောင်းပညာရေးကဏ္ဍ အသိပညာပေးဆွေးနွေးခြင်း



အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရုံး၊ စုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးက ရန်ကုန်မြို့၊ အထက၊ သုဝဏ္ဏ ၌ အဂတိလိုက်စားမှုတိုက်ဖျက်ရေးတွင် နိုင်ငံ့ဝန်ထမ်းများ၏ အခန်းကဏ္ဍနှင့် ကျောင်းပညာရေးကဏ္ဍ အသိပညာပေးဆွေးနွေးခြင်း

ဆက်စပ် သတင်းများ