ပညာရေးဝန်ကြီးဌာန၊ ရန်ကင်းပညာရေးဒီဂရီကောလိပ်နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် ဖြောင့်မတ်တည်ကြည်မှုဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

  • Wed, 13 March 2024

ပညာရေးဝန်ကြီးဌာန၊ ရန်ကင်းပညာရေးဒီဂရီကောလိပ်နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် ဖြောင့်မတ်တည်ကြည်မှုဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ


နေပြည်တော်၊ မတ်လ ၁၃ ရက်

    ပညာရေးဝန်ကြီးဌာန၊ ရန်ကင်းပညာရေးဒီဂရီကောလိပ်နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် ဖြောင့်မတ်တည်ကြည်မှုဆိုင်ရာ အသိပညာပေးဟောပြောပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းပညာရေးဒီဂရီကောလိပ်ခန်းမ၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ဦးဝင်းတည်နှင့် ကော်မရှင်ရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ရန်ကင်းပညာရေး ဒီဂရီကောလိပ်မှ ပါမောက္ခချုပ် ဦးအောင်မြတ်စိုးနှင့် တာဝန်ရှိ ပုဂ္ဂိုလ်များ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ပါသည်။

    ဆွေးနွေးပွဲတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ဦးဝင်းတည်က အမှာစကားပြောကြားရာ၌ အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်များတွင် ကဏ္ဍအသီးသီးမှ ဝန်ထမ်းများအားလုံး ပူးပေါင်းပါဝင်လာစေရန်နှင့် အဂတိလိုက်စားမှု၏ဘေးအန္တရာယ်နှင့် သဘောသဘာဝများကို သိရှိရှောင်ကြဉ်နိုင်စေရန် ရည်ရွယ်၍ နိုင်ငံ့ဝန်ထမ်းကဏ္ဍအသိပညာပေး ဟောပြောပွဲများကို သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်ရခြင်းဖြစ်ပါကြောင်း၊ ယခုကဲ့သို့ ပညာရေးဝန်ကြီးဌာနမှ အသိပညာပေးဟောပြောပွဲ ဖြစ်မြောက်ရေးကို ပူးပေါင်းဆောင်ရွက်ပေးသည့်အတွက် တာဝန်ရှိပုဂ္ဂိုလ်များ/ ဝန်ထမ်းများကို ကျေးဇူးတင်ရှိပါကြောင်း၊  အဂတိလိုက်စားမှုသည် နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ရာ၌ အဟန့်အတားဖြစ်စေပါကြောင်း၊ အဂတိ လိုက်စားမှုကို တိုက်ဖျက်ရာတွင် အထိရောက်ဆုံး နည်းလမ်းမှာ ဖြောင့်မတ်တည်ကြည်မှုရှိသည့် လူမှုအသိုက်အဝန်းတည်ထောင်ခြင်းဖြစ်ပါကြောင်း၊ ကော်မရှင်အနေဖြင့် အဂတိလိုက်စားမှုများကို အသိပညာပေးရေး၊ တားဆီးကာကွယ်ရေး၊ စုံစမ်းစစ်ဆေးရေးဟူသည့် ကဏ္ဍ(၃)ရပ်ဖြင့် တစ်ပြိုင်တည်း ဆောင်ရွက်လျက်ရှိကြောင်း၊

    အဂတိလိုက်စားမှု ကြိုတင်ကာကွယ်တားဆီးနိုင်ရန် ပြည်ထောင်စုဝန်ကြီးဌာန/အဖွဲ့အစည်းများနှင့် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များတွင် အဂတိ လိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (CPU)များ ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ဖြောင့်မတ်တည်ကြည်မှုရှိစေရန် စာသင်ကျောင်းများမှ စတင်ရမည်ဖြစ်ပါကြောင်း၊ လူငယ်များအနေဖြင့် ဖြောင့်မတ်တည်ကြည်မှုရှိပြီး နိုင်ငံအတွက် အားထားရသည့်ဝန်ထမ်းကောင်းများ ဖြစ်လာစေရန်၊ ကိုယ်ကျင့်တရား ကောင်းမွန်စေရန် ပြုစုပျိုးထောင်ပေးရာတွင် ဆရာ/ဆရာမများမှာ အရေးပါသည့်အခန်းကဏ္ဍမှ ပါဝင်ပါကြောင်း၊ မိမိတို့တပည့်များအနေဖြင့် လုပ်ငန်းခွင် ဝင်ရောက်ရာတွင် စည်းမျဉ်း၊ စည်းကမ်း လိုက်နာပြီး အများပြည်သူကို ကောင်းမွန်သော ဝန်ဆောင်မှုပေးနိုင်သည့် ဝန်ထမ်းကောင်း၊ ခေါင်းဆောင်ကောင်းများ ပေါ်ထွန်းလာစေရေး ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက် သွားကြရန် မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။

    ထို့နောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးမှဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်းဇော်ဝင်းက အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ၊ ညွှန်ကြားရေးမှူးဦးလင်းဝေအောင်က အဂတိလိုက်စားမှု၏ သဘောသဘာဝများနှင့် အဂတိလိုက်စားမှုဖြစ်ပေါ်ရခြင်း၊ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်စုမြတ်နိုင်က ကျင့်ဝတ်စံနှုန်းနှင့် ဖြောင့်မတ်တည်ကြည်မှုကိုလည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။

    ၎င်းနောက် ပညာရေးသုတေသန၊ စီမံကိန်းနှင့်လေ့ကျင့်ရေးဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်လတ်ထွန်းက ကျေးဇူးတင်စကားပြောကြားခဲ့ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြပါသည်။


စုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်းဇော်ဝင်း က အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေအား ရှင်းလင်းဆွေးနွေးခြင်း


နိုင်ငံတကာရေးရာနှင့်တားဆီးကာကွယ်ရေးဦးစီးဌာန၊ ပိုင်ဆိုင်မှုကြေညာလွှာစိစစ်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးလင်းဝေအောင် က အဂတိလိုက်စားမှု၏ သဘောသဘာဝများ၊ အဂတိလိုက်စားမှု ဖြစ်ပေါ်ရခြင်း အကြောင်းအရင်းများ၊ အဂတိလိုက်စားမှု ဆိုးကျိုးသက်ရောက်မှုများနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခြင်း

နိုင်ငံတကာရေးရာနှင့်တားဆီးကာကွယ်ရေးဦးစီးဌာန၊ အသိပညာပေးရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စုမြတ်နိုင် က ကျင့်ဝတ်စံနှုန်းနှင့် ဖြောင့်မတ်တည်ကြည်မှုနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခြင်း


ပညာရေးသုတေသန၊ စီမံကိန်းနင့် လေ့ကျင့်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်  ဒေါက်တာ ဇော်လတ်ထွန်း က ကျေးဇူးတင်စကား ပြောကြားခြင်း

စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခြင်း

ဆက်စပ် သတင်းများ