အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးကျောင်းသားလူငယ် ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး ပညာပေး(Edutainment) အစီအစဉ်များ ကျင်းပ

  • Tue, 9 January 2024

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးကျောင်းသားလူငယ် ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး ပညာပေး(Edutainment) အစီအစဉ်များ ကျင်းပ


နေပြည်တော်၊ ဇန်နဝါရီလ ၉  ရက်

    အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် ပညာရေးဝန်ကြီးဌာနနှင့်ပူးပေါင်း၍ အဂတိလိုက်စားမှုကို တွန်းလှန်တိုက်ဖျက်လိုစိတ်ရှိသည့် လူ့အဖွဲ့အစည်းဖြစ်တည်လာစေရန်၊ အများအကျိုးဆောင်ရွက်ခြင်းနှင့် ကိုယ်ကျိုးရှာခြင်းတို့ကြား ခွဲခြားတွေးတောသည့်အခြေခံစဉ်းစားတွေးခေါ်မှု မှန်ကန်စေရန်ရည်ရွယ်၍ ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေးပညာပေး (Edutainment) အစီအစဉ်ကို အခြေခံပညာအဆင့် (မူလတန်းနှင့်အလယ်တန်း) အဆင့်များ၌ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်နေ့တွင် ဇမ္ဗူသီရိမြို့နယ်၊ အမှတ် (၂၂)၊ အခြေခံပညာ အထက်တန်းကျောင်း၌ ဆောင်ရွက်ခဲ့ရာ မူလတန်းနှင့်အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၃၂၀) ဦး ပါဝင်တက်ရောက်ခဲ့ကာ ကော်မရှင်ရုံး(နေပြည်တော်)မှ အရာထမ်းများက ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေးပညာပေးအစီအစဉ် (ဆရာကိုင်) စာအုပ်များမှ သင်ခန်းစာများကို ဆွေးနွေးခဲ့ပါသည်။ 

    ကော်မရှင်အနေဖြင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွင်း နေပြည်တော်ကောင်စီနယ်မြေနှင့် ကော်မရှင်ရုံးခွဲများတည်ရှိရာ (ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ မော်လမြိုင်) မြို့များရှိ အခြေခံပညာ ကျောင်း (၁၀၀) ကျောင်းတို့တွင် ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေးပညာပေး (Edutainment) အစီအစဉ်များကို ဆောင်ရွက်နိုင်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူပေါင်း (၂၃၆၀၂) ဦးတို့ ပါဝင် တက်ရောက်ခဲ့ကြပါသည်။



ဆက်စပ် သတင်းများ