အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်က ဟောင်ကောင်အထူးအုပ်ချုပ်ရေး ဒေသ အစိုးရ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် (Independence Commission Against Corruption-ICAC) မှ ကော်မရှင်နာအား လက်ခံတွေ့ဆုံ

  • Thu, 26 April 2018

 အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်က ဟောင်ကောင်အထူးအုပ်ချုပ်ရေး ဒေသ အစိုးရ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်  (Independence Commission Against Corruption-ICAC) မှ ကော်မရှင်နာအား လက်ခံတွေ့ဆုံ


အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်သည် ဟောင်ကောင် အထူးအုပ်ချုပ်ရေးဒေသအစိုးရ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် (Independence Commission Against Corruption-ICAC)မှ ကော်မရှင်နာ Mr.Simon PEH Yun LU နှင့်အဖွဲ့အား ယနေ့နံနက်(၀၉:၃၀)နာရီတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၌ လက်ခံတွေ့ဆုံသည်။

ယင်းသို့တွေ့ဆုံစဉ် ကော်မရှင်ဥက္ကဋ္ဌက ၂၀၁၈ ခုနှစ် Action Plan ပါ အနာဂတ်တွင် ဆက်လက်လုပ်ဆောင်မည့်လုပ်ငန်းစဉ်များ၊ ပေါ်လစီမူဘောင်နှင့် ဥပဒေမူဘောင်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဆွေးနွေးခဲ့သည်။ အဖွဲ့၀င် ဒေါ်မြတ်မြတ်စိုးကလည်း ကော်မရှင်သမိုင်းကြောင်းနှင့် လုပ်ငန်းဆောင်ရွက်မှုများကို Power Point ဖြင့်ရှင်းလင်းခဲ့ပါသည်။ ICAC အဖွဲ့ဝင်မှ ကော်မရှင်သို့ အဂတိလိုက်စားမှုနှင့် ပတ်သက်သည့်သင်တန်းများ၊ ပညာပေးရေးအစီအစဉ်များတွင် အကူအညီပေးရေးတို့အပါအဝင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးနယ်ပယ်၌ နှစ်ဖက်အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ရေးကိစ္စများကို ဆွေးနွေးခဲ့ပါသည်။

တွေ့ဆုံပွဲသို့ ကော်မရှင်အတွင်းရေးမှူး ဦးစန်းဝင်း၊ ကော်မရှင်အဖွဲ့ဝင်များဖြစ်ကြသော  ဦးဇော်ဝင်း၊ ဦးဟန်ညွန့်၊ ဒေါ်မြတ်မြတ်စိုး၊ ဦးအောင်လွင်နှင့် ဦးမျိုးမြင့်တို့ တက်ရောက်ခဲ့ကြသည်။