UNDP မှ ကိုယ်စားလှယ်များနှင့် လက်ခံတွေ့ဆုံဆွေးနွေးမှု

  • Thu, 17 August 2017

        အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးမှညွှန်ကြားရေးမှူးချုပ်ဦးထင်ကျော် ဦးဆောင် သောအဖွဲ့သည်UNDPရုံးမှ Senior Colleague Mr.Jairo Acuna ဦးဆောင်သော အဖွဲ့အား    ၁၇-၈-၂၀၁၇ ရက်နေ့ ၁၃:၃၀နာရီမှ ၁၄:၄၅ နာရီထိ မြန်မာနိုင်ငံအဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ရုံး၊ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံဆွေးနွေးခဲ့ပါသည်။

        တွေ့ဆုံဆွေးနွေးမှုတွင် ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ် (UNDP)မှ မြန်မာနိုင်ငံသို့ အကူအညီ ပေးရေး အစီအစဉ်အရ နိုင်ငံဆိုင်ရာ အစီအစဉ် (၂၀၁၈-၂၀၂၂) တွင် ပါဝင်သော ထိရောက်၍ မဆိုင်းမတွအလိုက်သင့်တုံ့ပြန်တတ်သည့် အဖွဲ့အစည်းများအတွက် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ညှိနှိုင်းဆွေးနွေးခဲ့ပါသည်။