အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အခြေခံလေ့ကျင့်ရေးသင်တန်းအမှတ်စဉ် (၁/၂၀၂၁) သင်တန်းဖွင့်လှစ်

  • Mon, 18 January 2021

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အခြေခံလေ့ကျင့်ရေးသင်တန်းအမှတ်စဉ် (၁/၂၀၂၁) သင်တန်းဖွင့်လှစ်


၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ အခြေခံလေ့ကျင့်ရေးသင်တန်း အမှတ်စဉ် (၁/၂၀၂၁) ဖွင့်ပွဲကို နေပြည်တော် ကော်မရှင်ရုံး သင်တန်းခန်းမတွင် ၁၈-၁-၂၀၂၁ ရက်နေ့၊ နံနက် (၀၉:၀၀) အချိန်၌ ပြုလုပ်ရာ အခမ်းအနားသို့ ကော်မရှင်အဖွဲ့ဝင် ဒေါ်မြတ်မြတ်စိုးနှင့် ကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်မြင့်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးနှင့် ပြည်ထောင်စုရာထူးဝန်အဖွဲ့က ရွေးချယ်ပေးခဲ့သည့် ဦးစီးအရာရှိ(၁၃)ဦး တက်ရောက်ခဲ့ပါသည်။ သင်တန်းဖွင့်ပွဲတွင် ကော်မရှင်အဖွဲ့ဝင် ဒေါ်မြတ်မြတ်စိုးက အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။
သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် ကော်မရှင်နှင့် ကော်မရှင်ရုံး၏လုပ်ငန်းတာဝန်များ၊ ကော်မရှင် ကျင့်ဝတ်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ၊ နည်းဥပဒေ၊ အခြားဆက်စပ်ဥပဒေများ၊ အဂတိ လိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း (United Nations Convention Against Corruption- UNCAC)နှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု၊ အသိပညာပေးခြင်း၊ တားဆီး ကာကွယ်ခြင်း၊ စုံစမ်းစစ်ဆေးခြင်း၊ နိုင်ငံ့ဝန်ထမ်း ဥပဒေ၊ နည်းဥပဒေများနှင့် ရုံးလုပ်ငန်းလက်စွဲ စသော ဘာသာရပ်များကို ကော်မရှင်အဖွဲ့ဝင်များနှင့် ကော်မရှင်ရုံးမှ သင်တန်းနည်းပြများအပြင် ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP)၊ ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC)နှင့် အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ (USAID)၏ တရားဥပဒေ စိုးမိုးမှုမြှင့်တင်ရေးအစီအစဉ်- မြန်မာ (PRLM)တို့မှ တာဝန်ရှိပုဂ္ဂိုလ်များက ရက်သတ္တ (၈)ပတ်ကြာ ပို့ချသွားမည် ဖြစ်ပါသည်။
အခမ်းအနားတွင် ကော်မရှင်အဖွဲ့ဝင် ဒေါ်မြတ်မြတ်စိုး ပြောကြားခဲ့သော အဖွင့်အမှာစကား အပြည့်အစုံကို ပူးတွဲဖော်ပြအပ်ပါသည်။








ဆက်စပ် သတင်းများ