အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ စီမံရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးထင်ကျော် UNODC မှ Programme Manager Ms. Marie-Laure Pegie Cauchois နှင့် အဖွဲ့အား လက်ခံတွေ့ဆုံခြင်း

  • Tue, 15 December 2020

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ စီမံရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးထင်ကျော် UNODC မှ Programme Manager Ms. Marie-Laure Pegie Cauchois နှင့်  အဖွဲ့အား လက်ခံတွေ့ဆုံခြင်း


၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၁၅ ရက်


အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ စီမံရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးထင်ကျော် ဦးဆောင်သောအဖွဲ့သည် UNODC Programme Manager Ms. Marie-Laure Pegie Cauchois နှင့် Yever ကုမ္ပဏီ၏ Founder and Director ဖြစ်သူ Mr. Nicolas Delange တို့ ဦးဆောင်သည့် အဖွဲ့အား ယနေ့ နေ့လည် ၁၅:၀၀ နာရီတွင် Virtual Format ဖြင့်  တွေ့ဆုံခဲ့ပါသည်။

 

တွေ့ဆုံရာတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဉပဒေပုဒ်မ ၁၆(ထ) နှင့်အညီ မည်သည့်ပုဂ္ဂလိက လုပ်ငန်းအဖွဲ့အစည်းကိုမဆို အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး အခြေခံခိုင်မာသောလုပ်ငန်း ဆိုင်ရာ ကျင့်ဝတ်ချမှတ်ကျင့်သုံးစေရေးအတွက် အမိန့်ထုတ်ပြန်ဆောင်ရွက်စေခြင်း လုပ်ပိုင်ခွင့်အရ ကော်မရှင်က ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလက ထုတ်ပြန်ခဲ့သည့် အမိန့်ကြော်ငြာစာအမှတ် ၁၄ /၂၀၁၈ အပေါ် စီးပွားရေးလုပ်ငန်းများအတွင်း ဖြောင့်မတ်တည်ကြည်မှုဆိုင်ရာ မူဘောင်ခိုင်မာ စေရေး၊ နည်းပညာ အကူအညီပေးအပ်ရေးနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်တို့နှင့် စပ်လျဉ်း၍ ဆွေးနွေး ကြပါသည်။

 

တွေ့ဆုံဆွေးနွေးပွဲသို့ ကော်မရှင်ရုံး၊ စီမံရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိန်တင် နှင့် နိုင်ငံတကာရေးရာဌာနမှ ညွှန်ကြားရေးမှူး ဦးလင်းဝေအောင်တို့ တက်ရောက်ခဲ့ပါသည်။

ဆက်စပ် သတင်းများ