နိုင်ငံတကာအဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် “Breaking the Culture of Corruption’’ ခေါင်းစဉ်ဖြင့် Online ဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးခြင်း

  • Tue, 15 December 2020

နိုင်ငံတကာအဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် “Breaking the Culture of Corruption’’ ခေါင်းစဉ်ဖြင့် Online ဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးခြင်း


၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ  ၁၅  ရက်


နိုင်ငံတကာအဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် အဂတိလိုက်စားမှု တိုက်ဖျက် ရေးနှင့် တားဆီးကာကွယ်ရေးအတွက် ပြည်သူလူထု၏ ဆောင်ရွက်နိုင်မှုများကို အများပြည်သူသို့ အသိပညာပေးရန်နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ ကြိုးပမ်းဆောင်ရွက်မှုများကို မြှင့်တင်ရန် ရည်ရွယ်၍ “Breaking the Culture of Corruption” ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲကို ယနေ့ ၁၅:၀၀ နာရီတွင် Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်သည်။

 

ဆွေးနွေးပွဲတွင် အမေရိကန်သံရုံးမှ ဦးအောင်ပြည့်အောင် က Moderator အဖြစ် ဆောင်ရွက်ပြီး မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးမှ ညွှန်ကြားရေးမှူး ဒေါ်အေးမြတ်မွန်၊ ပွင့်လင်းမြင်သာလူထုလှုပ်ရှားမှုအဖွဲ့မှ ဒါရိုက်တာ ဒေါ်မိုးမိုးထွန်းနှင့် မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာနမှ စီမံကိန်းနှင့်ဆက်သွယ်ရေးအရာရှိ ဒေါ်ဖြူဖြူဇင်တို့က အဂတိလိုက်စားမှုတိုက်ဖျက်ရေးတွင် အစိုးရ၊ ပုဂ္ဂလိကလုပ်ငန်းကဏ္ဍနှင့် သတင်းမီဒီယာကဏ္ဍများမှ မည်သို့ ပါဝင်ဆောင်ရွက်လျက်ရှိကြောင်း ပါဝင်ဆွေးနွေးခဲ့ကြပါသည်။

 

ဆွေးနွေးပွဲတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံးမှ ညွှန်ကြားရေးမှူး ဒေါ်အေးမြတ်မွန် က အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၏အကြောင်း၊ တာဝန်နှင့် လုပ်ဆောင်ချက်များ၊ အဖြစ်များသော အဂတိလိုက်စားမှုများနှင့် ထိုအမှုများ လျော့ကျရေးအတွက် ကော်မရှင်၏ တားဆီးကာကွယ်ရေးနှင့် အသိပညာပေးရေးဆိုင်ရာ ကြိုးစားအားထုတ်မှုများနှင့် ကော်မရှင်၏ ရှေ့အနာဂတ်တွင် ဆက်လက်လုပ်ဆောင်မည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ပါသည်။

ဆက်စပ် သတင်းများ