အဂတိလိုက်စားမှုတိုက်ဖျက်ရေး အာဆီယံအဖွဲ့ (ASEAN PARTIES AGAINST CORRUPTION_ ASEAN-PAC) ၏ (၁၆) ကြိမ်မြောက် ရုံးအဖွဲ့၏ Video conferencing အစည်းအဝေးတွင် အေစီစီရုံးက ပါဝင်တက်ရောက်ခြင်း

  • Tue, 25 August 2020

အဂတိလိုက်စားမှုတိုက်ဖျက်ရေး အာဆီယံအဖွဲ့ (ASEAN PARTIES AGAINST CORRUPTION_ ASEAN-PAC) ၏ (၁၆) ကြိမ်မြောက် ရုံးအဖွဲ့၏ Video conferencing အစည်းအဝေးတွင် အေစီစီရုံးက ပါဝင်တက်ရောက်ခြင်း


၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၂၄ ရက်

        (၁၆) ကြိမ်မြောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးအာဆီယံအဖွဲ့ (ASEAN-PAC) ၏ ရုံးအဖွဲ့ အစည်းအဝေးကို ၂၄-၈-၂၀၂၀ ရက်နေ့၊ နံနက် (၀၈:၃၀) အချိန်တွင် Virtual Format ဖြင့်ကျင်းပခဲ့ရာ ASEAN-PAC အဖွဲ့ဝင်နိုင်ငံ (၁၀) နိုင်ငံမှ ကိုယ်စားလှယ်များ တက်ရောက်ပါသည်။ မြန်မာနိုင်ငံမှ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး ညွှန်ကြားရေးမှူးချုပ် ဦးထင်ကျော် ဦးဆောင်၍ ညွှန်ကြားရေးမှူး ဦးလင်းဝေအောင်နှင့် ညွှန်ကြားရေးမှူး ဒေါ်အေးမြတ်မွန်တို့ တက်ရောက်ပါသည်။
        အစည်းအဝေးတွင် ASEAN-PAC အဖွဲ့ဝင်နိုင်ငံများမှ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့များ ၏ ကိုယ်စားလှယ်များက COVID-19 ကာလအတွင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဆောင်ရွက် နေမှုများ၊ ကောင်းမွန်သောအလေ့အထများမျှဝေနိုင်ရေး၊ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး၊ အသိပညာပေးရေး၊ စုံစမ်းစစ်ဆေးရေး ဆောင်ရွက်နေမှုများ၊ ၂၀၂၀ တွင် အာဆီယံ အလှည့်ကျ သဘာပတိအဖြစ် တာဝန်ယူဆောင်ရွက်မည့် ဗီယက်နမ်နိုင်ငံက ASEAN-PAC အကြီးအကဲများ အစည်းအဝေးကို ၂၀၂၀ ပြည့်နှစ်မကုန်မီ နိုဝင်ဘာလ-ဒီဇင်ဘာလအတွင်း Virtual Format ဖြင့် လက်ခံကျင်းပရန်တို့ကို ဆွေးနွေးကြပါသည်။
        မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အနေဖြင့်လည်း COVID-19 ကာလအတွင်း အဂတိလိုက်စားမှုဖြစ်နိုင်ခြေအန္တရာယ်များအား တားဆီးကာကွယ်ရေးအတွက် ကဏ္ဍအသီးသီးမှ ပညာရှင်များ၏ အသိပညာပေးဆောင်းပါးများကို Social Media မှ တစ်ဆင့် ဖော်ပြမှုများ၊ ကျန်းမာရေးဆိုင်ရာ ကာကွယ်ရေးလုပ်ထုံးလုပ်နည်းများနှင့်အညီ တည်မြဲလုပ်ထုံးလုပ်နည်း အသစ် ရေးဆွဲ၍ အဂတိလိုက်စားမှုများအား စုံစမ်းစစ်ဆေးရေး ဆောင်ရွက်နေမှု အခြေအနေများ၊ ကျန်းမာ ရေးဆိုင်ရာ အကာအကွယ်ပစ္စည်းများဖြင့် Social Distancing အားလိုက်နာ၍ ရုံးလုပ်ငန်းဆောင် ရွက်နေမှုများ၊ Virtual Format ဖြင့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး အလုပ်ရုံ ဆွေးနွေးပွဲနှင့် သင်တန်းများဖွင့်လှစ် ဆောင်ရွက်ခြင်းတို့ကို ထည့်သွင်းဆွေးနွေးခဲ့ပါသည်။

ဆက်စပ် သတင်းများ