အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးတွင် ဝန်ထမ်းမိသားစုများ၏ ပဉ္စမအကြိမ် ဘုံကထိန် သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကျင်းပခြင်း

  • Wed, 7 November 2018

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးရှိ ဝန်ထမ်းမိသားစုများ၏ ပဉ္စမအကြိမ် ဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ၇-၁၁-၂၀၁၈ ရက်နေ့၊ နံနက်(၀၉:၃၀) နာရီတွင် ကော်မရှင်ရုံး စုပေါင်း ခန်းမ၌ ကျင်းပခဲ့ပါသည်။

ဘုံကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားသို့ ကော်မရှင်ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ကော်မရှင် အဖွဲ့ဝင်များနှင့် မိသားစုများ၊ ကော်မရှင်ရုံး ဝန်ထမ်းများ တက်ရောက်ခဲ့ကြပြီး ပထမဦးစွာ သံဃာတော်များမှ နမောတဿ (၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနား ဖွင့်လှစ်ခဲ့ပါသည်။ ထို့နောက် ဒက္ခိဏသီရိ မြို့နယ် ရွှေခဲအင်းအုပ်စု၊ ရွှေမြိုင်ပရိယတ္တိစာသင်တိုက်၊ ပဓာန၊ နာယက သာသနဓမ္မာစရိယ ဝိနယဝိဓူဓမ္မ ဂုဏ်ရည်ဆရာတော် ဘဒ္ဓန္တကုမာရထံမှ (၉)ပါးသီလ ခံယူ ဆောက်တည်ခြင်း၊ ဆရာတော်များထံသို့ ကထိန်သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းခြင်း၊ ပရိတ်တရားတော်များ နာကြားခြင်းတို့ ဆောင်ရွက်ကာ ကထိန် အလှူမောဒန တရား နာယူ၍ ရေစက်သွန်းချ အမျှပေးဝေခဲ့ကြပါသည်။

အခမ်းအနားအား ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု(၃)ကြိမ် ရွတ်ဆိုဆုတောင်း၍ ပိတ်သိမ်းခဲ့ပြီး၊ သံဃာတော် များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်းနှင့် ဝန်ထမ်းများနှင့် ဧည့်ပရိတ်သတ်များအား ထမင်းဟင်းလျာ များဖြင့် ဧည့်ခံကျွေးမွေးခဲ့ပြီး နေ့လည် ၁၂:၀၀ နာရီတွင် အခမ်းအနားအား ရုပ်သိမ်းခဲ့ပါသည်။

ဆက်စပ် သတင်းများ