တိုင်ကြားစာစိစစ်ရေးလုပ်ငန်းကော်မတီ အစည်းအဝေးပြုလုပ်

  • Wed, 31 January 2018

တိုင်ကြားစာစိစစ်ရေးလုပ်ငန်းကော်မတီ အစည်းအဝေးပြုလုပ်


        အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင်များဖြစ်ကြသော တိုင်ကြားစာ  စိစစ်ရေးလုပ်ငန်းကော်တီအဖွဲ့ခေါင်းဆောင် ဦးအောင်သန်းမြင့်နှင့် ဦးစိုးတင့်၊ ဦးအောင်လွင်၊ ဦးမျိုးမြင့်၊ ဦးခင်မောင်မြင့်နှင့် ဒေါ်လဲ့လဲ့သွင်တို့သည် ၃၀-၁-၂၀၁၈ ရက်နေ့၊ နံနက်(၁၀)  နာရီအချိန်တွင် တိုင်ကြားစာစိစစ်ရေးလုပ်ငန်းကော်မတီရုံးခန်း ၌ စာတိုက်နှင့် ပုဂ္ဂလိကစာပို့  လုပ်ငန်းများမှ ကော်မရှင်သို့ရောက်ရှိလာသော တိုင်ကြားစာများ အား စနစ်တကျ ဖွင့်ဖောက်  ခြင်း၊ အသေးစိတ်ဖတ်ရှု၍ စိစစ်သုံးသပ်ရေးသားခြင်း၊ တိုင်ကြားစာများအား စနစ်တကျ မှတ်တမ်းတင်သိမ်းဆည်းခြင်းနှင့် ကော်မရှင်အစည်းအဝေးသို့ တင်ပြရန်တို့အား ဆွေးနွေးခဲ့ ပါသည်။

ဆက်စပ် သတင်းများ