အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး ကျောင်းသားလူငယ် ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေးပညာပေး(Edutainment) အစီအစဉ်များကျင်းပ

  • Thu, 21 December 2023

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး ကျောင်းသားလူငယ် ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေးပညာပေး(Edutainment) အစီအစဉ်များကျင်းပ


နေပြည်တော်၊ ဒီဇင်ဘာလ ၂၁  ရက်

    အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် ပညာရေးဝန်ကြီးဌာနနှင့်ပူးပေါင်း၍ အဂတိလိုက်စားမှုကို တွန်းလှန်တိုက်ဖျက်လိုစိတ်ရှိသည့် လူ့အဖွဲ့အစည်းဖြစ်တည်လာစေရန်၊ အများအကျိုးဆောင်ရွက်ခြင်းနှင့် ကိုယ်ကျိုးရှာခြင်းတို့ကြား ခွဲခြားတွေးတောသည့်အခြေခံစဉ်းစားတွေးခေါ်မှု မှန်ကန်စေရန်အတွက် ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေးပညာပေး (Edutainment) အစီအစဉ်များကို ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာအဆင့် (မူလတန်းနှင့်အလယ်တန်း) အဆင့်များမှစတင်၍ အသိပညာပေး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် ရွှေညောင်မြို့၊ အမှတ် (၄) အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ မူလတန်းနှင့်အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၂၅၉) ဦးတို့ကို ကော်မရှင်ရုံးခွဲ(တောင်ကြီး)မှ ဝန်ထမ်းများက ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး ပညာပေးအစီအစဉ် (ဆရာကိုင်)စာအုပ်များမှ သင်ခန်းစာနှင့် ပညာပေး (Edutainment) အစီအစဉ်ပါအကြောင်းအရာများကို ဆွေးနွေးဆောင်ရွက်ခဲ့ကြပါသည်။

ကော်မရှင်ရုံးခွဲ (တောင်ကြီး) မှ ဒုတိယစုံစမ်းရေးမှူးက မူလတန်းအဆင့်ကျောင်းသားလူငယ်ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေးပညာပေး (Edutainment) အစီအစဉ်များအား ရှင်းလင်းဆွေးနွေးစဉ်


ဆက်စပ် သတင်းများ