အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် သတင်းထုတ်ပြန်ချက်(၁/၂၀၁၇) '' အဂတိလိုက်စားမှု တွန်းလှန်ဖို့ ကိုယ်ကျင့်သိက္ခာမြှင့်တင်စို့'' စာတမ်းဖတ်ကြားဆွေးနွေးပွဲအတွက် သတင်းထုတ်ပြန်ခြင်း

  • Thu, 28 December 2017

မြန်မာနိုင်ငံတွင် အဂတိလိုက်စားမှုသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ အများပြည်သူ ကိုယ်စိတ်နှစ်ပါး ချမ်းသာစေရေးတို့ကို အဓိကဟန့်တားနှောက်ယှက်နေသော ဘေးအန္တရာယ်တစ်ရပ် ဖြစ်ပေသည်။

     အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် ယင်းဘေးအန္တရာယ်ကို တိုက်ဖျက်နိုင်ရန် ၂၀၁၈ခုနှစ် လုပ်ငန်းစီမံချက်ကို ရေးဆွဲပြီး ဖြစ်သည့်အပြင် ရေရှည်လုပ်ငန်းစဉ်အတွက် မဟာဗျူဟာ စီမံချက်တစ်ရပ်ကိုလည်း ရေးဆွဲလျှက်ရှိပါသည်။

     အဂတိလိုက်စားမှုတိုက်ဖျက်ရေးအတွက် ရေတို၊ ရေရှည် စီမံချက်များ လုပ်ကိုင်ဆောင်ရွက် ရာတွင် အဂတိလိုက်စားမှုနှင့် ပတ်သက်သူများသာမက ကင်းရှင်းသူများကပါ အဂတိလိုက်စားမှုကို လုံးဝသည်းခံ၊ ခွင့်လွှတ်၊ လျစ်လျှူရှုကြရမည် မဟုတ်ပါ။

     သို့ပါ၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် အဂတိလိုက်စားမှုတိုက်ဖျက်ရေး လုပ်ငန်းစဉ်၏ ကနဦးခြေလှမ်းအဖြစ် ပညာပေးရေး၊ သတိပေးရေး၊ ဟန့်တားကာကွယ်ရေး တို့အတွက် လူ့အသိုက်အဝန်းအသီးသီးတွင် ကိုယ်ကျင့်သိက္ခာမြှင့်တင်ရေးကို ဦးစားပေးဆောင်ရွက် သွားမည်ဖြစ်ပါသည်။

     ထိုသို့ဆောင်ရွက်ရာတွင် ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၂၂၊ ၂၃ရက်နေ့ များတွင် ရန်ကုန်မြို့၌ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်နှင့် ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) တို့ ပူးပေါင်းဆောင်ရွက်သော '' အဂတိလိုက်စားမှုတွန်းလှန်ဖို့ ကိုယ်ကျင့်သိက္ခာ မြှင့်တင်စို့'' (Promote Integrity to Counter Corruption) ဟူသော ခေါင်းစဉ်ဖြင့် စာတမ်း ဖတ်ကြားဆွေးနွေးပွဲ(Symposium)ကိုကျင်းပသွားပါမည်။

     သို့ဖြစ်ပါ၍ စိတ်ပါဝင်စားသော ပညာရှင်များ၊ အသင်းအဖွဲ့များ၊ အရပ်ဖက်အဖွဲ့အစည်းများ သည် စာတမ်းဖတ်ကြားဆွေးနွေးနိုင်ရန် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ အုပ်စု(၁) အားကစားလေ့ကျင့်ရေးစခန်း၊ ဝဏ္ဏသိဒ္ဓိရပ်ကွက်၊ နေပြည်တော် myanmaracc2014@gmail. com ဖုန်းနံပါတ် ၀၆၇-၈၁၀၃၃၄၇၊ ၈၁၀၃၂၇၃ သို့ ၁၂-၁-၂၀၁၈ရက်နေ့ နောက်ဆုံးထား၍ အမည် စာရင်း ပေးပို့နိုင်ပါကြောင်း သတင်းထုတ်ပြန်ကြေငြာအပ်ပါသည်။

ဖတ်ကြားမည့်စာတမ်း soft copy ကို ၁၆-၁-၂၀၁၈ရက်နေ့မတိုင်မီ အထက်ပါလိပ်စာ အတိုင်းပေးပို့ပေးရန်ဖြစ်ပါသည်။

'' အဂတိလိုက်စားမှု တွန်းလှန်ဖို့  ကိုယ်ကျင့်သိက္ခာမြှင့်တင်စို့ ''စာတမ်းဖတ်ကြားဆွေးနွေးပွဲ တွင် ဖတ်ကြားမည့်စာတမ်းနှင့် ပတ်သက်သောအချက်အလက်များ

၁။    စာတမ်းစာမျက်နှာကန့်သတ်ချက်                         -    A-4 အရွယ် စာမျက်နှာ (၆)မျက်နှာ

၂။    စာတမ်းဖတ်ကြားချိန်                                        -    ၁၀ မိနစ် နှင့် ၁၅ မိနစ်

၃။    စာတမ်းဖတ်ကြားသူ၏အဖွဲ့အစည်း                      -          

၄။    စာတမ်းဖတ်ကြားသူ၏ကိုယ်ရေးအချက်အလက်များ-

       (က)    အမည်

       (ခ )    မှတ်ပုံတင်အမှတ်

       (ဂ )    အဖအမည်

       (ဃ)    ပညာအရည်အချင်း

       ( င)    မွေးသက္ကရာဇ်

       ( စ)    (၆)လအတွင်း ရိုက်ကူးထားသော ကာလာဓာတ်ပုံ(၃)ပုံ (ပတ်စ်ပို့အရွယ်အစား)

       (ဆ)    နေရပ်လိပ်စာအပြည့်အစုံ

       ( ဇ)    ဆက်သွယ်ရမည့်ဖုန်းနံပါတ်၊

        ( ဈ)     အီးမေးလ်လိပ်စာ

၅။    ရည်ညွှန်းကိုးကားချက်များ

'' အဂတိလိုက်စားမှု တွန်းလှန်ဖို့  ကိုယ်ကျင့်သိက္ခာမြှင့်တင်စို့ ''စာတမ်းဖတ်ကြားဆွေးနွေးပွဲ သို့ အရပ်ဖက်အဖွဲ့အစည်းများ ( Civil Society Organizations- CSOs) မှ အဖွဲ့အစည်းတစ်ခုလျှင် (၂)ဦးနှုန်း တက်ရောက်နိုင်ပြီ: တက်ရောက်မည့် ပုဂ္ဂိုလ်၏အချက်အလက်များကို အောက်ပါ Registration ပုံစံတွင် ဖြည့်စွက်ပေးပို့ရမည်ဖြစ်ပါသည်-

Registration Form

၁။    တက်ရောက်မည့်ပုဂ္ဂိုလ်၏အဖွဲ့အစည်း                  -          

၂။    တက်ရောက်မည့်ပုဂ္ဂိုလ်၏ကိုယ်ရေးအချက်အလက်များ-

       (က)    အမည်

       (ခ )    မှတ်ပုံတင်အမှတ်

       (ဂ )    အဖအမည်

       (ဃ)    ပညာအရည်အချင်း

       ( င)    မွေးသက္ကရာဇ်

       ( စ)    (၆)လအတွင်း ရိုက်ကူးထားသော ကာလာဓာတ်ပုံ(၃)ပုံ (ပတ်စ်ပို့အရွယ်အစား)

       (ဆ)    နေရပ်လိပ်စာအပြည့်အစုံ

       ( ဇ)    ဆက်သွယ်ရမည့်ဖုန်းနံပါတ်၊

       ( ဈ)     အီးမေးလ်လိပ်စာ

 

ဆက်စပ် သတင်းများ

-