၂၆.၅.၂၀၂၃ TI သတင်းလွှာ မှ ကောက်နုတ်ဖော်ပြချက်

  • Fri, 9 June 2023

၂၆.၅.၂၀၂၃ TI သတင်းလွှာ မှ ကောက်နုတ်ဖော်ပြချက်


        အပြည်ပြည်ဆိုင်ရာ ပွင့်လင်းမြင်သာမှုရှိရေးအဖွဲ့(Transparency International-TI)သည် နိုင်ငံပေါင်း ၁၈၀ ၏ နှစ်အလိုက် အဂတိလိုက်စားမှု အညွှန်းကိန်း (CPI) များကို ထုတ်ပြန်ပေးသော အဖွဲ့အစည်းတစ်ခုဖြစ်ပြီး သတင်းလွှာများကိုလည်း ထုတ်ပြန်လျက်ရှိပါသည်။ ၂၆-၅-၂၀၂၃ ရက်နေ့ ထုတ် သတင်းလွှာတွင် အောက်ဖော်ပြပါအချက်များ အဓိက ပါဝင်ပါသည်-


        (က) သမ္မတများသည်လည်း မိမိတို့ သာမာန်ပြည်သူများကဲ့သို့ပင် ခက်ခဲကြမ်းတမ်း သော အလုပ်တစ်ခုပြီးမြောက်မည့် နေ့ရက်များကို မျှော်လင့်ကာ ရေတွက်ကြပါ ကြောင်း၊

(ခ) ယခုသီတင်းပတ်အစောပိုင်းတွင် တရားဝင်တွေ့ဆုံမှုတစ်ခုအတွင်း နိုင်ဂျီးရီးယား သမ္မတ Muhammadu Buhari သည် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းတာဝန် များ ပြီးဆုံး၍ ၎င်း၏ရာထူးသက်တမ်း ကုန်ဆုံးမည့်ရက်ကို “အသည်းအသန် စောင့် မျှော်နေပါသည်” ဟု ပြောကြားခဲ့ပါကြောင်း၊ ရာထူးတာဝန်စွန့်လွှတ်တော့မည့် သမ္မတသည် ၎င်း၏ နောက်ဆုံးရက်များတွင် ကိုင်တွယ်ဖြေရှင်းရန် ခက်ခဲသော ဖိအားများအတွက် ညည်းညူခဲ့ပါကြောင်း၊ Buhari သည် သုံးရက်အတွင်း ၎င်း၏ ပါတီဝင် Bola Tinubu အား ရာထူးတာဝန်လွှဲပေးမည်ဖြစ်ပါကြောင်း။ 

(ဂ) အရပ်ဘက်အဖွဲ့အစည်းများမှ ၎င်းအတွက် ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်ပေးမှ သာ သမ္မတသည် စိတ်သက်သာရာရလိမ့်မည်ဟု မျှော်လင့်ရပါကြောင်း၊ ရေနံ ကုန်သည်ကြီး Eni နှင့် Shell တို့အပေါ် နိုင်ဂျီးရီးယား၏ လက်ရှိ တရားစွဲဆိုမှုများ ကို ရပ်တန့်ရန် ကြိုးပမ်းနေသော ဖိအားများကို ပြန်လည်တွန်းလှန်ရန် တိုက်တွန်း လျက်ရှိပါကြောင်း။

(ဃ) ၂၀၁၁ ခုနှစ်တွင် အကျိုးအမြတ်များသော OPL 245 ကမ်းလွန် ရေနံတွင်းတစ်ခု အတွက် လုပ်ပိုင်ခွင့်ရရှိရန် ကုမ္ပဏီနှစ်ခုသည် အမေရိကန်ဒေါ်လာ ၁ ဘီလီယံ ကျော် လာဘ်ထိုးခဲ့သည်ဟု စွပ်စွဲထားပါကြောင်း၊ Buhari သည် ၂၀၁၅ ခုနှစ်တွင် အာဏာရလာပြီးနောက် နိုင်ဂျီးရီးယားအာဏာပိုင်များသည် ရေနံလုပ်ကွက်၏ ဖွံ့ဖြိုးတိုးတက်မှုကို ရပ်တန့်စေကာ ပြည်တွင်း ပြည်ပတွင် စုံစမ်းစစ်ဆေးမှုများနှင့် တရားစွဲဆိုမှုများ ပြုလုပ်ခဲ့ပါကြောင်း၊ ယခုအခါ ရှေ့နေချုပ်မှ Buhari ကို  နိုင်ဂျီးရီးယားအာဏာပိုင်များအား ဆက်စပ်အငြင်းပွားမှုများ အားလုံးကို အဆုံး သတ်ရေးဆောင်ရွက်ရန် အကြံပြုထားပါကြောင်း၊ သတင်းသမားများ မြင်တွေ့ရ သည့် စာတစ်စောင်တွင် နိုင်ဂျီးရီးယားသည် တိုးတက်ရန် အခွင့်အလမ်းမရှိ ကြောင်း၊ ရှုံးနိမ့်မှုများရင်ဆိုင်ရပြီးနောက် ကြိုးစားမှုကို ရပ်တန့်သင့်သည်ဟု ပြောဆိုထားပါကြောင်း၊

(င) Global Witness၊ Coner House၊ HEDA နှင့် ReCommon တို့ အနေဖြင့် ကမ္ဘာ တစ်ဝှမ်းရှိ အာဏာပိုင်အဖွဲ့အစည်းများကို ဖိအားပေးမှုများ ပြုလုပ်ခဲ့သောကြောင့် စုံစမ်းစစ်ဆေးမှုကို နှစ်ပေါင်းများစွာ ပြုလုပ်လျက်ရှိရာ ယင်းတို့အနက် အလား အလာ အကောင်းဆုံး စုံစမ်းစစ်ဆေးမှုများကို ဦးဆောင်သောအဖွဲ့မှာ အီတလီ အစိုးရရှေ့နေများဖြစ်ပါကြောင်း၊ နယ်သာလန် နှင့် အမေရိကန်တို့ကလည်း စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့သော်လည်း အမှုကို ဆက်လက်စစ်ဆေးမှုများ မပြုလုပ်ဘဲ အီတလီနိုင်ငံအနေဖြင့် စုံစမ်းစစ်ဆေးမှုများကို ဆက်လက်ဆောင်ရွက် ခဲ့ပါကြောင်း၊

(စ) ဆိုးရွားစွာပင် အီတလီအာဏာပိုင်များသည် ၂၀၂၁ ခုနှစ်တွင် အကျင့်ပျက်ခြစားမှု များဖြင့် တရားစွဲဆိုခံရသော ရေနံကုမ္ပဏီ နှစ်ခုအား ၂၀၂၂ ခုနှစ်တွင် တရားသေ လွှတ်ပေးခဲ့ခြင်းကြောင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဆောင်ရွက်နေကြသော အသိုင်းအဝိုင်းအား ထိတ်လန့်စေခဲ့ပါကြောင်း၊ 

(ဆ) ထပ်မံ၍ အံ့အားသင့်ဖွယ်ကိစ္စရပ်တစ်ခုမှာ နိုင်ငံခြားလာဘ်ပေးလာဘ်ယူမှုတွင် ပါဝင်သည့် ကုမ္ပဏီများအား အပြစ်ပေးရမည့် တာဝန်ကို အီတလီနိုင်ငံမှ လိုက်နာ ခြင်းမရှိဟု  နိုင်ငံတကာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် စပ်လျဉ်း၍ လုပ် ဆောင်နေသော အဖွဲ့တစ်ခုထံမှ သိရှိရပါကြောင်း၊

(ဇ) အဆိုပါ အမှုကို ဖြေရှင်းနိုင်လိမ့်မည် မဟုတ်ကြောင်း ယုံကြည်သည့်အတွက် ကနဦး စုံစမ်းစစ်ဆေးလျက်ရှိသည့် အခြားသောနိုင်ငံများအား ၎င်းတို့၏ စုံစမ်း စစ်ဆေးမှုတွေကို ပြန်လည်လုပ်ဆောင်ပေးနိုင်ရေး တောင်းဆိုထားပါကြောင်း၊ အီတလီရှိ အငြင်းပွားဖွယ်ရာ လွတ်ငြိမ်းချမ်းသာခွင့်များအပေါ် ဖိအားပေး တောင်းဆိုမှုများ လုပ်ဆောင်ပေးရန် ဒတ်ခ်ျနှင့် အမေရိကန် အာဏာပိုင်များထံ စာရေးသား တောင်းဆိုခဲ့ပါကြောင်း၊

(ဈ) နိုင်ဂျီးရီးယားအစိုးရကလည်း ၎င်းတို့၏ ဆောင်ရွက်ချက်များကို လက်မလျော့ သင့်ကြောင်း၊ OPL245 သဘောတူညီချက်အရ စေ့စပ်ညှိနှိုင်းမှု အားနည်းခြင်း ကြောင့် နိုင်ငံ၏ စီးပွားရေးသည် အမေရိကန်ဒေါ်လာ ၅ ဘီလီယံအထိ ဆုံးရှုံး နိုင်သောကြောင့် သမ္မတက လက်မှတ်ထိုးခြင်းမျိုး မပြုလုပ်သင့်ပါကြောင်း၊

(ည) နိုင်ဂျီးရီးယားလူမျိုးများအတွက် အဖြေရှာရန် လိုအပ်နေပါကြောင်း၊ နိုင်ဂျီးရီးယား ပြည်သူလူထုအတွက် ကြီးမားသောဆုံးရှုံးမှုကို ဖြစ်စေနိုင်သည့် သဘောတူညီချက် တစ်ခုနှင့်စပ်လျဉ်း၍ တရားစွဲဆိုမှုများကို ရပ်တန့်ရန် တောင်းဆိုလာမှုများကို သမ္မတ Muhammadu Buhari ဦးဆောင်သည့် နှုတ်ထွက်မည့် အစိုးရအဖွဲ့ အနေဖြင့် ပယ်ချသင့်ပါကြောင်း၊ အစိုးရသစ်အနေဖြင့် ၎င်းကိစ္စ၏ အရင်းခံ အကြောင်းရင်းကို သိရှိစေရန် သေချာလုပ်ဆောင်သင့်ပါကြောင်း၊

(ဋ) Buhari သည် အဂတိလိုက်စားမှုများကို နှစ်ပေါင်းများစွာ အခိုင်အမာ ကျူးလွန်ခဲ့ ပါကြောင်း၊ သို့သော်လည်း Corruption Perceptions Index (CPI) အညွှန်းကိန်း တွင် နိုင်ဂျီးရီးယား၏ လုပ်ဆောင်ချက်များနှင့် ဆက်စပ်သည့် အထောက်အထား တစ်စုံတစ်ရာ မတွေ့ရှိရပါကြောင်း၊ ယခုသီတင်းပတ်တွင် သတင်းထောက်တစ်ဦးမှ မေးမြန်းသောအခါ နိုင်ဂျီးရီးယား TI ရုံးခွဲ  အုပ်ချုပ်မှုဒါရိုက်တာ Auwal Musa Rafsanjani မှ ၎င်းတို့၏ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကြိုးပမ်းမှုများအတွက် အစိုးရ၏ နှုတ်ထွက်သွားမှုကြောင့် ရမှတ် ၁၀ မှတ်တွင် ၄ မှတ်အထိ လျော့နည်း သွားစေပါကြောင်း၊

(ဌ) OPL 245 ကိစ္စတွင် နိုင်ဂျီးရီးယား၏ ရပ်တည်ချက်ကို ပြန်လည် သုံးသပ်ရမည့် အစား သမ္မတ Buhari သည် ၎င်းအုပ်ချုပ်နေစဉ်ကာလ နောက်ဆုံးသော နေ့ရက်များတွင်ပင် နိုင်ငံအကျိုးအတွက် လုပ်ဆောင်ပေးခဲ့ခြင်း မရှိပါကြောင်း။



Source==> Transparency International

ဆက်စပ် သတင်းများ