အာဆီယံအဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့ (ASEAN - PAC) ၏ 2023 ASEAN - PAC Capacity Building Workshop

  • Thu, 1 June 2023

အာဆီယံအဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့ (ASEAN - PAC) ၏ 2023 ASEAN - PAC Capacity Building Workshop


၂၀၂၃ ခုနှစ်၊ ဇွန်လ  ၁  ရက်

အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့၌ ၂၀၂၃ ခုနှစ်၊ မေလ ၃၀ ရက်နေ့မှ ၃၁ ရက်နေ့အထိ ကျင်းပပြုလုပ်သည့် ASEAN - PAC အဖွဲ့ဝင်နိုင်ငံများ၏ 2023 ASEAN - PAC Capacity Building Workshop ကို မြန်မာနိုင်ငံအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင် ဦးအောင်မြင့်လွင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပါသည်။

        ယင်းအလုပ်ရုံဆွေးနွေးပွဲကို “Anti-Corruption Education and Corruption Prevention Strategies on a National Scale” ခေါင်းစဉ်ဖြင့် ကျင်းပခဲ့ပြီး ASEAN - PAC အဖွဲ့ဝင်နိုင်ငံများ၏ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ ပညာရေးနှင့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအတွက် ဉပဒေမူဘောင်ဖွံဖြိုးရေး၊ ဒစ်ဂျစ်တယ်နည်းပညာရပ်အသုံးပြု၍ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးနှင့် ပြည်သူလူထု ပူးပေါင်းပါဝင်လာစေရေးနှင့်စပ်လျဉ်း၍ ကျွမ်းကျင်သူပညာရှင်များ၊ လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်နေသူများအကြား အတွေ့အကြုံများ၊ စိန်ခေါ်မှုများနှင့် ကောင်းမွန်သောအလေ့အထများအား မျှဝေနိုင်ရေး ဆွေးနွေးခဲ့ကြပါသည်။

အဆိုပါဆွေးနွေးပွဲတွင် ကော်မရှင်အဖွဲ့ဝင် ဦးအောင်မြင့်လွင်မှ မြန်မာနိုင်ငံအဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးအတွက် ဥပဒေမူဘောင် ဖွံ့ဖြိုးရေး ဆောင်ရွက်နေမှုများ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးမဟာဗျူဟာစီမံချက် (၂၀၂၂-၂၀၂၅) ကို ရေးဆွဲထားရှိပြီး နှစ်အလိုက်လုပ်ငန်းအစီအစဉ်များ ချမှတ်၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာနှင့် ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး အသိပညာပေးအစီအစဉ်များ ဆောင်ရွက်မှု အခြေအနေ၊ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရန်အတွက် ပြည်ထောင်စုဝန်ကြီးဌာန/ အဖွဲ့အစည်းများ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များနှင့် ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး ပူးပေါင်းဆောင်ရွက်မှု အခြေနေများ၊ ပညာရေးကို ပေါင်းကူးတံတားအဖြစ် အသုံးပြုကာ ပညာရေးဝန်ကြီးဌာနနှင့်ပူးပေါင်း၍ ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး ပညာပေး (Edutainment) အစီအစဉ် ဆောင်ရွက်ခဲ့မှုနှင့် အောင်မြင်မှုများ၊ ရှေ့ဆက်ဆောင်ရွက်မည့် အစီအစဉ်များ၊ အတွေ့ကြုံများနှင့် စိန်ခေါ်မှုများကို ဆွေးနွေးခဲ့ပါသည်။

ယင်းဆွေးနွေးပွဲတွင် ASEAN – PAC အဖွဲ့ဝင်နိုင်ငံများမှ ၎င်းတို့ဆောင်ရွက်နေသော တားဆီးကာကွယ်ရေးနှင့် အသိပညာပေးခြင်းလုပ်ငန်းများ၊ ပညာရေးကဏ္ဍမှတစ်ဆင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးအတွက် အသိပညာပေးနိုင်စေရေးအတွက် ဉပ‌ဒေမူဘောင်ချမှတ်နိုင်ရေး ဆွေးနွေးခဲ့ကြပါသည်။ မြန်မာနိုင်ငံအနေဖြင့်လည်း ASEAN - PAC အဖွဲ့ဝင်နိုင်ငံ ဖြစ်လာချိန်မှစတင်၍  နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုများတွင် အပြည့်အဝပါဝင်ပြီး ကတိကဝတ်အတိုင်း ထည့်သွင်းရမည့် ဆောင်ရွက်ချက်များနှင့် အတွေ့အကြုံများအားတက်ကြွစွာ ပါဝင်ဆွေးနွေး ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

ဆက်စပ် သတင်းများ