အင်ဒိုနီးရှားနိုင်ငံ၊ လူမှုရေးရာဝန်ကြီးဌာန၏ ဆန်ထောက်ပံ့ရေးအစီအစဉ်၌ အကျင့်ပျက်ခြစားမှု ဖြစ်ပေါ်ခဲ့ခြင်းကိုအင်ဒိုနီးရှားနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က စုံစမ်းလျက်ရှိ

  • Thu, 1 June 2023

အင်ဒိုနီးရှားနိုင်ငံ၊ လူမှုရေးရာဝန်ကြီးဌာန၏ ဆန်ထောက်ပံ့ရေးအစီအစဉ်၌ အကျင့်ပျက်ခြစားမှု ဖြစ်ပေါ်ခဲ့ခြင်းကိုအင်ဒိုနီးရှားနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က စုံစမ်းလျက်ရှိ


        အင်ဒိုနီးရှားနိုင်ငံ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် (Corruption Eradication Commission-KPK) က အစိုးရရန်ပုံငွေဖြင့် ဆန်ထောက်ပံ့ဖြန့်ဝေခြင်းနှင့် ဆက်စပ်၍ အကျင့်ပျက် ခြစားမှုဖြစ်ပေါ်သည်ဟု ယူဆသဖြင့် Indonesian Democratic Party of Struggle (PDI-P) မှ ဝန်ကြီး Mrs. Tri Rismaharini ၏ လူမှုရေးရာဝန်ကြီးဌာနသို့ ဝင်ရောက်ဖမ်းဆီးစစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိ -

(က)    လူမှုရေးရာဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူက စုံစမ်းထောက်လှမ်းသူများ သည် ၂၃-၅-၂၀၂၃ ရက်နေ့တွင် ဝန်ကြီးဌာနသို့ ကြိုတင်အသိပေးခြင်းမရှိဘဲ ဝင်ရောက်၍ ညွှန်ကြားရေးမှူးချုပ်အား (၈) နာရီကြာထိန်းသိမ်းကာ အချက် အလက်ဖိုင်များ နှင့် စက်ပစ္စည်းများကို သိမ်းဆည်းခဲ့ကြောင်း၊

(ခ) KPK ၏ ပြောရေးဆိုခွင့်ရှိသူက ကော်မရှင်သည် ၂၀၂၀ မှ ၂၀၂၁ ခုနှစ်တို့တွင် အစိုးရရန်ပုံငွေဖြင့် လူမှုအထောက်အပံ့ပေးသည့် အစီအစဉ် Family Hope Program (PKH) ၌ ဆန်ဖြန့်ဝေရာတွင် အဂတိလိုက်စားမှုနှင့် ဆက်စပ်သဖြင့် ထိုသို့စစ်ဆေး ရခြင်းဖြစ်ကြောင်း၊

(ဂ)   ၂၄-၅-၂၀၂၃ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီး Mrs. Risma m စုံစမ်းစစ်ဆေးမှုသည် နိုင်ငံပိုင်ထောက်ပံ့ရေးကုမ္ပဏီ PT Bhanda Ghara Reksa Logistik (BGR) နှင့် ဆက်နွယ်နေသည်ဟု သံသယရှိကြောင်း၊ဤကိစ္စသည် ၎င်းအား ဝန်ကြီးအဖြစ် ခန့်အပ်ခြင်းမခံရမီကာလ၌ ဖြစ်ပေါ်ခဲ့သည့်ကိစ္စဖြစ်၍ အသေးစိတ်အား မသိရှိပါကြောင်းနှင့် စုံစမ်းစစ်ဆေးရေးတွင်လည်း ကြားဝင်မည် မဟုတ်ဟု ပြောကြားခဲ့ကြောင်း၊

(ဃ)   PDI-P ပါတီမှ ယခင် လူမှုရေးရာဝန်ကြီး Mr. Juliari Batubara သည် ၂၀၂၁ ခုနှစ်၊ ကိုဗစ်-၁၉ ကာလအတွင်း အစားအစာများထောက်ပံ့ရာတွင် ပုဂ္ဂလိက လုပ်ငန်းရှင် များနှင့် လာဘ်ပေးလာဘ်ယူပြုခဲ့သဖြင့် KPK မှ ဖမ်းဆီးခဲ့ပြီး ယခု အခါ ထောင်ဒဏ် ၁၂ နှစ် ကျခံလျက်ရှိပြီး လက်ရှိစုံစမ်းစစ်ဆေးမှုနှင့် ဆက်စပ်မှု ရှိမရှိကို ရှင်းလင်းစွာ မသိရှိသေးကြောင်း၊

(င) ယခု အဂတိအမှုနှင့်စပ်လျဉ်း၍ ဂျကာတာအခြေစိုက် ပို့ဆောင်ရေးကုမ္ပဏီတစ်ခု ဖြစ်သည့် TransJakarta ၏ ဥက္ကဋ္ဌ ဒါရိုက်တာဖြစ်သူ Mr. Kuncoro Wibowo ပါဝင်ပတ်သက်နေသည်ဟု သတင်းများထွက်ပေါ်လျက်ရှိပြီး ၎င်းအား ပြည်ပ ထွက်ခွာခွင့် တားမြစ်ထားကြောင်း၊

(စ) သမ္မတ ဂျိုကိုဝီသည် ဝင်ငွေနည်းပြည်သူများသက်သာ ချောင်ချိရေးအတွက် လူမှုရေးအထောက်အပံ့များကို မကြာခဏ စီစဉ်ထောက်ပံ့ပေးလျက်ရှိပြီး ထိုကဲ့ သို့သော ထောက်ပံ့ရေးအစီအစဉ်များ၌ အဂတိလိုက်စားမှုများ ဖြစ်ပေါ်လျက်ရှိ ကြောင်း၊ KPK သည် လာဘ်ပေးလာဘ်ယူမှုများကို အစဉ်မပြတ် စုံစမ်း ဖော်ထုတ်လျက်ရှိသော်လည်း အင်ဒိုနီးရှားနိုင်ငံတွင် အဂတိလိုက်စားမှုများမှာ လျော့ပါးသွားခြင်းမရှိသေးကြောင်း။

 

ရည်ညွှန်း  : The Jakatar Post သတင်းစာ

ဆက်စပ် သတင်းများ