အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်တို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲ ကျင်းပ

  • Fri, 19 May 2023

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်တို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲ ကျင်းပ


နေပြည်တော်   မေ‌  ၁၉

   အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင်တို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် အစည်းအဝေးခန်းမ၊ ရန်ကုန်၌ ကျင်းပခဲ့ပါသည်။

    

     ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ ဦးလှမြင့်က အဖွင့်စကားပြောကြားရာ၌ အဂတိလိုက်စားမှုဟာ ကမ္ဘာ့နိုင်ငံတိုင်း ကြုံတွေ့နေရသော ကြီးမားသည့် ပြဿနာတစ်ခု ဖြစ်ပါကြောင်း၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်နှင့် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင်တို့သည် ကုလသမဂ္ဂက ချမှတ်ထားသည့် ၂၀၃၀ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင်(SDGs)တွင် ကမ္ဘာ့လူသားများ ဆင်းရဲမွဲတေမှု၊ ချို့တဲ့နွမ်းပါးမှုနှင့် လူ့ဘောင်အဖွဲ့ အစည်းအပေါ် ပိတ်ပင်တားဆီးမှုများ အဆုံးသတ်စေရေးတို့အတွက် နိုင်ငံအားလုံး လက်တွဲဆောင်ရွက်သွားရမယ့် အစီအစဉ်များကို အတူတကွ ဆောင်ရွက်လျက်ရှိကြောင်း၊ SDGs ပန်းတိုင်များ အောင်မြင်လာခြင်းဖြင့် ကမ္ဘာ့လူသားများနှင့် လူ့ဘောင်အဖွဲ့ အစည်းဟာစဉ်ဆက်မပြတ် ဖွံ့ဖြိုးလာမှာဖြစ်ပြီး လူတစ်ဦးချင်းနှင့် လူ့ဘောင်အဖွဲ့အစည်းအတွင်း၌ လူ့အခွင့်အရေးများကို ရရှိခံစားနိုင်မှု သေချာစေနိုင်မှာဖြစ်ပါကြောင်း၊ 

     ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ ဦးလှမြင့်က အဖွင့်စကားပြောကြားရာ၌ အဂတိလိုက်စားမှုဟာ ကမ္ဘာ့နိုင်ငံတိုင်း ကြုံတွေ့နေရသော ကြီးမားသည့် ပြဿနာတစ်ခု ဖြစ်ပါကြောင်း၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်နှင့် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင်တို့သည် ကုလသမဂ္ဂက ချမှတ်ထားသည့် ၂၀၃၀ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင် (SDGs) တွင် ကမ္ဘာ့လူသားများ ဆင်းရဲမွဲတေမှု၊ ချို့တဲ့နွမ်းပါးမှုနှင့် လူ့ဘောင်အဖွဲ့ အစည်းအပေါ် ပိတ်ပင်တားဆီးမှုများ အဆုံးသတ်စေရေးတို့အတွက် နိုင်ငံအားလုံး လက်တွဲဆောင်ရွက်သွားရမယ့် အစီအစဉ်များကို အတူတကွ ဆောင်ရွက်လျက်ရှိကြောင်း၊ SDGs ပန်းတိုင်များ အောင်မြင်လာခြင်းဖြင့် ကမ္ဘာ့လူသားများနှင့် လူ့ဘောင်အဖွဲ့ အစည်းဟာစဉ်ဆက်မပြတ် ဖွံ့ဖြိုးလာမှာဖြစ်ပြီး လူတစ်ဦးချင်းနှင့် လူ့ဘောင်အဖွဲ့အစည်းအတွင်း၌ လူ့အခွင့်အရေးများကို ရရှိခံစားနိုင်မှု သေချာစေနိုင်မှာဖြစ်ပါကြောင်း၊ 

    အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဖွဲ့စည်းပြီးနောက် လုပ်ငန်းများကို အရှိန်အဟုန် မြှင့်တင်ဆောင်ရွက်လာတာကိုလည်း သတိပြုမိပါကြောင်း၊ ကော်မရှင်၏ အဓိကလုပ်ငန်းစဉ် (၃) ရပ်အနက် အထူးအရေးကြီးသည့် အသိပညာပေးခြင်းနှင့် တားဆီးကာကွယ်ခြင်း လုပ်ငန်းစဉ်သည် မီဒီယာများ၊ လူမှုကွန်ရက်များကနေ အသိပညာပေးခြင်းများ၊ နိုင်ငံ့ဝန်ထမ်းနှင့် ပြည်သူ့ ဝန်ထမ်းများအတွက် ဝန်ကြီးဌာန/ အဖွဲ့အစည်းများမှာ သွားရောက်ဆွေးနွေးဟောပြော ခြင်းများ၊ အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်ခြင်းအပြင် ဖြောင့်မတ်တည်ကြည်သော အနာဂတ်ကို ရည်မှန်း၍ ကျောင်းသားလူငယ်များအတွက် ကျောင်းသင်ခန်းစာပို့ချမှု Edu-tainment အစီအစဉ် များအထိ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက်ရှိကြောင်းကိုလည်း လေ့လာသိရှိရသဖြင့် အားရမိပါကြောင်း၊

    မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်အနေဖြင့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးလုပ်ငန်းများကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်စေရေးအတွက် အဂတိလိုက်စားမှု ပေါ်ပေါက်‌နိုင်သော အခြေအနေများကို ကြိုတင်စိစစ်ဖော်ထုတ်ခြင်း၊ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ခြင်း၊ အဂတိလိုက်စားမှု အန္တရာယ်ဖြစ်နိုင်ခြေရှိမှုကို ဆန်းစစ်အကဲဖြတ်ခြင်းနှင့် အဂတိလိုက်စားမှု မဖြစ်ပေါ်စေရေးအတွက် တားမြစ်ထိန်းချုပ်ခြင်းတို့ ဆောင်ရွက်နိုင်ရန် ကော်မရှင်၏ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ကို ဖွဲ့စည်းဆောင်ရွက် လျက်ရှိပါကြောင်း၊ ကော်မရှင်သည် လူ့အခွင့်အရေး မြှင့်တင် ပညာပေးခြင်းလုပ်ငန်းနှင့် လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဝန်ဆောင်မှုလုပ်ငန်းများကို အဓိကထားဆောင်ရွက်ရပြီး အဂတိ လိုက်စားမှု ဖြစ်ပေါ်နိုင်သည့် အခြေအနေ၊ အခွင့်အလမ်း နည်းပါသော်လည်း တွေ့ရှိလာသည့် အတွေ့အကြုံများ၊ အခက်အခဲများအရ အဂတိလိုက်စားမှု ဖြစ်စဉ်များ ဖြစ်ပွားမှု မရှိစေရေး ဌာနတွင်း ကြီးကြပ်မှု အားကောင်းစေသည့် အစီအမံများ ဆောင်ရွက်မည်ဖြစ်ပါကြောင်း ပြောကြားပါသည်။


    ဆက်လက်၍ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌဒေါက်တာဌေးအောင်က အမှာစကား ပြောကြားရာတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်နှင့် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်တို့သည် တစ်ချိန်တည်းတွင် ဖွဲ့စည်းခဲ့ကြကြောင်း၊ ၁၉၄၇ ခုနှစ်တွင် ပြည်သူ့ထောက်ပံ့ရေးပစ္စည်းများ ခိုးယူခြင်းမှ ကာကွယ်သည့် ကော်မတီကို ဖွဲ့စည်းပြီး ရာဇသတ်ကြီး(Penal Code)အရ အရေးယူခြင်း၊ ၁၉၄၈ ခုနှစ်တွင် အဂတိလိုက်စားမှု တားမြစ်ရေးအက်ဥပဒေပြဋ္ဌာန်း၍ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။

    မိမိတို့နိုင်ငံသည် ၂၀၁၂ ခုနှစ်တွင် UNCAC အဖွဲ့ဝင် နိုင်ငံအဖြစ် ဝင်ရောက်ခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥပဒေကိုလည်း ပြဋ္ဌာန်းခဲ့ပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က ၂၀၂၂ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး နေ့အထိမ်းအမှတ် အခမ်းအနားတွင် “လူသားအားလုံးသည် လွတ်လပ်သူများအဖြစ် မွေးဖွားလာပြီး ဂုဏ်သိက္ခာနှင့် အခွင့်အရေးများ တန်းတူရည်တူရှိကြသည်။ လူ့အခွင့်အရေးကို လက်ခံရယူ ကျင့်သုံးရာတွင်လည်း လူ့အဖွဲ့အစည်းအတွက် တရားမျှတသည့် လိုအပ်ချက်များဖြစ်သော ကိုယ်ကျင့်တရားများ၊ အများပြည်သူ အေးချမ်းသာယာရေးနှင့် အကျိုးစီးပွား ဖြစ်ထွန်းရေးတို့ကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် ဥပဒေ အရ သတ်မှတ်ထားသည့် ကန့်သတ်ချက်များအတိုင်းသာ ကျင့်သုံးကြရန်၊ မိမိတို့၏ လွတ်လပ်ခွင့်နှင့် အခွင့်အရေးများကို ရယူသကဲ့သို့ သူတစ်ပါး၏ လွတ်လပ်ခွင့်နှင့် အခွင့်အရေးကိုလည်း လေးစားတန်ဖိုးထားပြီး လိုက်နာဆောင်ရွက်ရမည့် တာဝန်များ၊ ကျင့်ဝတ်များကိုလည်း လစ်လျူမရှုကြရန်၊ မပျက်မကွက်ကြရန်” လမ်းညွှန်ခဲ့သည့်ကို မှတ်သားရပါကြောင်း၊ အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကို အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် ဆောင်ရွက်လျက်ရှိပြီး အဂတိလိုက်စားမှု အကျင့်စရိုက်သည် လူ့အဖွဲ့အစည်းတွင်း ကူးစက်ပျံ့နှံ့လွယ်သော ကပ်ရောဂါတစ်ခုဖြစ်၍ အချို့ကိစ္စများ၌ အလွယ်တကူ ဖောက်ဖျက်ကျူးလွန်နေခြင်းများကို သတိပြုရှောင်ကျဉ်ရန်လိုကြောင်း၊ အဂတိလိုက်စားမှုများလေလေ ဆင်းရဲနွမ်းပါးမှု များလေလေဖြစ်၍ ကျင့်ဝတ်၊ စည်းကမ်း၊ ဥပဒေများကို လိုက်နာရန် အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ ပြည်သူတစ်ဦးခြင်း၊ မိသားစုတစ်စုခြင်း အားလုံးက ထိန်းသိမ်းလိုက်နာကြရန်လိုပြီး “ အဂတိ ပယ်ခွာပြည်သာယာ” ရန်အတွက် လက်တွဲပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့ပါသည်။

    ဆက်လက်၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်ရှင်ရုံးမှ တာဝန်ရှိသူများက အဂတိလိုက်စားမှု သဘောတရားများ၊ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့၏ လုပ်ငန်းတာဝန်များ၊ တားဆီးကာကွယ်ရေးစီမံချက်၊ လုပ်ငန်းလမ်းညွှန်(Terms of Reference-TOR) နှင့် တည်မြဲလုပ်ထုံးလုပ်နည်း(Standing Operating Procedures-SOP) ရေးဆွဲခြင်း၊ အဂတိလိုက်စားနိုင်ခြေအန္တရာယ်ရှိမှုဆန်းစစ်လေ့လာခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ပြီး ညနေ(၁၅:၀၀)နာရီတွင် အခမ်းအနား ပြီးမြောက်ခဲ့ပါသည်။


    

   

 အခမ်းအနားသို့ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် နေပြည်တော်ရုံးခွဲမှ ဒုတိယဥက္ကဋ္ဌနှင့် ကော်မရှင်အဖွဲ့ဝင်နှင့် မန္တလေး/ ပုသိမ်ရုံးခွဲများမှ ရုံးဝန်ထမ်းများက Online Platform ဖြင့်လည်းကောင်း၊ ကော်မရှင်အဖွဲ့ဝင်များနှင့် ကော်မရှင်ရုံးဝန်ထမ်းများက In-person ဖြင့်လည်းကောင်း စုစုပေါင်း(၅၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

ဆက်စပ် သတင်းများ