အကျိုးစီးပွားပဋိပက္ခနှင့် အဂတိဆက်နွယ်မှု- အပိုင်း (၆)

  • Tue, 30 August 2022

ကျင့်ဝတ်နှင့်အညီကိုင်တွယ်ဖြေရှင်းခြင်း

            အဖွဲ့အစည်းများအတွင်း အကျိုးစီးပွားပဋိပက္ခဖြစ်ပေါ်မှုကို ကာကွယ်ရန်နှင့် မှန်ကန်သည့် နည်းလမ်းဖြင့် ကိုင်တွယ်ဖြေရှင်းနိုင်စေရန် ကျင့်ဝတ်များရေးဆွဲခြင်း၊ ဝန်ထမ်းများအား ကျင့်ဝတ်ဆိုင်ရာသင်တန်းများ စနစ်တကျ သင်ကြားပို့ချပေးခြင်းတို့ကို အလေးထားဆောင်ရွက်သင့်ပါသည်။ ပြည်သူများအနေဖြင့်လည်း ထိုကဲ့သို့ သက်ဆိုင်ရာ နယ်ပယ်အလိုက် ကျင့်ဝတ်များ၊ စည်းမျဉ်းများ ရေးဆွဲထားခြင်းမရှိသည့် အဖွဲ့အစည်းများ၊ လုပ်ငန်းများနှင့် ပူးပေါင်း‌ဆောင်ရွက်ခြင်းအား ရှောင်ကြဉ်ခြင်းဖြင့် ပြည်သူ့အကျိုးစီးပွားကို ကာကွယ်ခြင်းနှင့်‌ စောင့်ကြည့်ထိန်းကျောင်းမှုစနစ် ထွန်းကားစေရေး ဆောင်ရွက်ကြရန် လိုအပ်ပါသည်။

           သို့ဖြစ်ပါ၍ အဂတိကင်းစင်ရေး အလေးအနက်ထားဆောင်ရွက်ရာတွင် အဂတိတရားနှင့် နီးကပ်စွာ ဆက်နွယ်နေသည့် အကျိုးစီးပွားပဋိပက္ခများကို “မှန်ကန်သည့်နည်းလမ်း၊ တိကျသည့် မူဝါဒ၊ နည်းစနစ်တို့ဖြင့်” ကိုင်တွယ်ဖြေရှင်းခြင်းဖြင့် အဂတိလိုက်စားမှုကို ကာကွယ်နိုင်ရန်နှင့် သင်ခန်းစာများ ရယူထိန်းကျောင်းနိုင်စေရန် တင်ပြလိုက်ရပါသည်။

ရည်ညွှန်းကိုးကား - transparency international ၏ conflict of interest topic guide. com.piled by the

                                        anti-corruption helpdesk 

                                - academic research reports conflict of interest by assoc. prof.dr.omer faruk genckaya.


ဆက်စပ် သတင်းများ