အကျိုးစီးပွားပဋိပက္ခနှင့် အဂတိဆက်နွယ်မှု- အပိုင်း (၂)

  • Tue, 16 August 2022

ကိုယ်ကျိုးစီးပွားနှင့် ပြည်သူ့အကျိုးစီးပွား

            နိုင်ငံပိုင်အဖွဲ့အစည်းများ၏ ဆောင်ရွက်ချက်များမှ ပေါ်ပေါက်လာသည့် အကျိုးကျေးဇူး၊ အကျိုးအမြတ်များကို အများပြည်သူများ ရရှိခံစားရခြင်းမရှိဘဲ ပုဂ္ဂိုလ်တစ်ဦး (သို့မဟုတ်) စီးပွားရေးလုပ်ငန်းတစ်ခုက ရရှိသွားသည့် ငွေကြေးနှင့် ငွေကြေးမဟုတ်သော အကျိုးခံစားခွင့်များသည် ကိုယ်ကျိုးစီးပွား (private interest) ဖြစ်ပါသည်။ ဝန်ထမ်းများအနေဖြင့် မိမိတို့အား ပေးအပ်ထားသည့် လုပ်ငန်းတာဝန်နှင့် ရာထူးနေရာများကို အသုံးချ၍ ကိုယ်ပိုင်စီးပွားရေး ဆောင်ရွက်ခြင်း၊ လာဘ်ပေးလာဘ်ယူခြင်း၊ အဂတိလိုက်စားခြင်း၊ ဆွေမျိုးနှင့် မိမိအသိုင်းအဝိုင်း‌ ကောင်းစားရေးအတွက် ဆောင်ရွက်ခြင်းသည် ကိုယ်ကျိုးစီးပွားအတွက်ဆောင်ရွက်ခြင်းဖြစ်ပါသည်။

            ပြည်သူ့အကျိုးစီးပွားသည် နိုင်ငံပိုင်အဖွဲ့အစည်းများ၊ ဝန်ထမ်းများ၏ ဆောင်ရွက်ချက်များမှ ပေါ်ပေါက်လာသည့် အကျိုးကျေးဇူး၊ အကျိုးအမြတ်များကို အများပြည်သူတို့ ခံစားရရှိစေခြင်းပင် ဖြစ်ပါသည်။ နိုင်ငံတော်က အများပြည်သူအား ဝန်ဆောင်မှုပေးနေသည့်ကဏ္ဍများတွင် တာဝန်ထမ်းဆောင်နေကြသည့် ဝန်ထမ်းများအနေဖြင့် ကိုယ်ကျိုးနှင့် အများအကျိုး နှစ်ခုအတူတွဲရှိနေ၍ မရပါ။ ၎င်းအကျိုးစီးပွားနှစ်ခု ယှဉ်တွဲဖြစ်ပေါ်ပါက အကျိုးစီးပွားပဋိပက္ခ ဖြစ်သည်ဟု ဆိုနိုင် ပါသည်။




ဆက်စပ် သတင်းများ