အကျိုးစီးပွားပဋိပက္ခနှင့် အဂတိဆက်နွယ်မှု- အပိုင်း (၁)

  • Thu, 11 August 2022

            ယနေ့ကမ္ဘာပေါ်တွင် အဂတိလိုက်စားမှုသည် ပုံစံအမျိုးမျိုးဖြင့် ဖြစ်ပေါ်နေပြီး အဂတိလိုက်စားမှုဖြစ်ပေါ်စေရန် တွန်းအားပေးနေသည့် အကြောင်းအရင်းများလည်း များစွာပေါ်ပေါက်လျက်ရှိပါသည်။ အဂတိဖြစ်ပေါ်စေသည့် အကြောင်းအရင်းများစွာအနက်မှ အကျိုးစီးပွားပဋိပက္ခ (Conflict of Interest- COI) နှင့်စပ်လျဉ်း၍ ကမ္ဘာတစ်ခွင်ရှိ နယ်ပယ်အသီးသီးတွင် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးပြောဆိုလာကြပါသည်။ 

နိုင်ငံတကာပွင့်လင်းမြင်သာမှုရှိရေးအဖွဲ့၊ Transparency International (TI) ၏ အဓိပ္ပာယ် ဖွင့်ဆိုချက်

    နိုင်ငံတကာပွင့်လင်းမြင်သာမှုရှိရေးအဖွဲ့က အကျိုးစီးပွားပဋိပက္ခကို လူတစ်ဦး(သို့မဟုတ်) အစိုးရဌာန အဖွဲ့အစည်း/စီးပွားရေးလုပ်ငန်း/မီဒီယာ/မြို့ပြလူမှုအဖွဲ့အစည်းတစ်ခုအနေဖြင့် ၎င်းတို့ထမ်းဆောင်ရသည့် လုပ်ငန်းတာဝန်များနှင့် ပုဂ္ဂလိကအကျိုးစီးပွားအကြား ရွေးချယ်ဆုံးဖြတ်ရာတွင် ကြုံတွေ့ရသည့်အခြေအနေဟု အဓိပ္ပာယ်ဖွင့်ဆိုထားပါသည်။ ဝန်ထမ်းတိုင်းသည် မိမိတို့၏  ရုံး/ဌာနနှင့် အများပြည်သူတို့၏ အကျိုးစီးပွားအတွက် ထမ်းဆောင်ရန်နှင့် ကာကွယ်ပေးရန်မှာ ၎င်းတို့၏ မူရင်းတာဝန်ပင် ဖြစ်ပါသည်။ 

    အကျိုးစီးပွားပဋိပက္ခသည် မိမိကိုယ်ကျိုးစီးပွား ဆောင်ရွက်လိုစိတ်နှင့် မိမိ/အများပြည်သူအတွက် ထမ်းဆောင်ရမည့် တာဝန်များအကြား ဖြစ်လေ့ဖြစ်ထရှိသည့် လွန်ဆွဲမှုတစ်ရပ်ပင် ဖြစ်ပါသည်။ ထို့ကြောင့် အကျိုးစီးပွားပဋိပက္ခအခြေအနေဖြစ်ပေါ်ပါက မှန်ကန်စွာဖြေရှင်း ဆောင်ရွက်နိုင်စေရန် ကိုယ်ကျိုးစီးပွားနှင့် ပြည်သူ့အကျိုးစီးပွားတို့၏ အဓိပ္ပာယ်ကို ခွဲခြားသိမြင်ရန် လိုအပ်ပါသည်။


ဆက်စပ် သတင်းများ