အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး ဆရာ/ ဆရာမများ မွမ်းမံသင်တန်းတွင် အသိပညာပေးဆွေးနွေးမှု အစီအစဉ်များကျင်းပ

  • Thu, 23 March 2023

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး ဆရာ/ ဆရာမများ မွမ်းမံသင်တန်းတွင် အသိပညာပေးဆွေးနွေးမှု အစီအစဉ်များကျင်းပ


နေပြည်တော်၊ မတ်လ ၂၃ ရက်

   အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် ပညာရေးဝန်ကြီးဌာနနှင့်ပူးပေါင်း၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့်စပ်လျဉ်း၍ အသိပညာရရှိစေရန်၊ အဂတိလိုက်စားမှုကို တွန်းလှန်တိုက်ဖျက်ရာတွင်အဓိကကျသည့် ဖြောင့်မတ်တည်ကြည်မှုရှိသည့် အသိုက်အဝန်း တည်ဆောက်ရန်အတွက် ဆရာ/ဆရာမများ မွမ်းမံသင်တန်းများတွင် အသိပညာပေးအစီအစဉ်များကို ဆောင်ရွက်ခဲ့ရာ ကော်မရှင်အဖွဲ့ဝင်များက ကြီးကြပ်လိုက်ပါလျက် ကော်မရှင်(ရုံးခွဲ)များမှ အရာထမ်းများက မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ်ရှိ အထက(၁၄) ၊ အထက(၂၂) နှင့် အထက(၂၃) တို့တွင် လည်းကောင်း၊ ရှမ်းပြည်နယ်(အရှေ့)ရှိ ကျိုင်းတုံ၊  အထက(၂) နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း) ရှိ တောင်ကြီး၊ အထက(၃) တို့တွင်လည်းကောင်း၊ အသိပညာပေးဆောင်ရွက်ခဲ့ပြီး ဆရာ/ဆရာမများကလည်း စိတ်ဝင်တစား မေးမြန်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။






ဆက်စပ် သတင်းများ