အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ နည်းပညာသင်တန်းပို့ချ

  • Thu, 16 March 2023

အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ နည်းပညာသင်တန်းပို့ချ


နေပြည်တော် ၊ မတ် ၁၆ ရက်

        အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် ကယားပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်း၍  ယနေ့နံနက် ၀၉:၃၀ နာရီချိန်တွင် ကော်မရှင်ရုံး၊ အစည်းအဝေးခန်းမ၌ ကယားပြည်နယ်အစိုးရအဖွဲ့တွင် ဖွဲ့စည်းထားရှိသည့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit- CPU) အား Online စနစ်ဖြင့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ နည်းပညာ သင်တန်းပို့ချခဲ့ရာ သင်တန်းတွင် ကော်မရှင်အဖွဲ့ဝင် ဦးမောင်မောင်တင့်က အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းသည် ကော်မရှင်တစ်ခုတည်းဖြင့် ဆောင်ရွက်၍မရဘဲ ကဏ္ဍစုံမှ ပူးပေါင်းဆောင်ရွက်မှသာ ပိုမိုထိရောက်အောင်မြင်နိုင်မည်ဖြစ်ပါကြောင်း၊ အဂတိလိုက်စားမှုကြောင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အရေးယူဆောင်ရွက်ရပါက နိုင်ငံတော်အနေဖြင့် လူ့စွမ်းအားအရင်းအမြစ်များ ဆုံးရှုံးစေပါကြောင်း၊ အများပြည်သူဝန်ဆောင်မှုလုပ်ငန်းများတွင် အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်းအစီအစဉ် (Public Feedback Programme-PFP) အသုံးပြုခြင်းဖြင့် အများပြည်သူ၏အကြံပြုချက်များရယူ၍ အားနည်းချက်များ ပြုပြင်သွားပါက ပိုမိုကောင်းမွန်သည့် ဝန်ဆောင်မှုလုပ်ငန်းများ ဖြစ်ပေါ်လာမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး၊ နိုင်ငံတကာရေးရာနှင့် တားဆီးကာကွယ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးက CPU ၏ လုပ်ငန်းတာဝန်များ၊ တည်မြဲလုပ်ထုံးလုပ်နည်း (Standing Operating Procedure - SOP)၊ လုပ်ငန်းလမ်းညွှန် (Terms of Reference-TOR) ရေးဆွဲခြင်း၊ အဂတိလိုက်စားနိုင်ခြေအန္တရာယ်ရှိမှု ဆန်းစစ်လေ့လာခြင်း (Corruption Risk Assessment - CRA) အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်းအစီအစဉ် (Public Feedback Programme - PFP) တို့နှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ပြီး PFP အသုံးပြုဆောင်ရွက်နိုင်ရေး လက်တွေ့ လေ့ကျင့်ဆောင်ရွက်ခဲ့ပါသည်။


ဆက်စပ် သတင်းများ