အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် မြန်မာ့ရိုးရာ ထမနဲထိုးပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပ

  • Fri, 3 February 2023

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် မြန်မာ့ရိုးရာ ထမနဲထိုးပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပ


နေပြည်တော်၊ ဖေဖော်ဝါရီလ (၃) ရက်

     အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ မြန်မာ့ရိုးရာထမနဲထိုးပွဲကို ရုံးအမှတ်(၅၆)၊ ဇေယျဌာနီလမ်း၊ ဥတ္တရသီရိမြို့နယ်၊ နေပြည်တော်၌ ယနေ့နံနက်ပိုင်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

 ထမနဲထိုးပွဲသို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် ကော်မရှင်အဖွဲ့ဝင်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဌာနအသီးသီးမှ အရာထမ်းများနှင့် အမှုထမ်းများ တက်ရောက်အားပေးခဲ့ကြပါသည်။

    အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အနေဖြင့် မြန်မာရိုးရာထုံးတမ်းစဉ်လာများနှင့်အညီ ဘာသာရေးပွဲတော်များနှင့် ပျော်ပွဲရွှင်ပွဲများအား အရာထမ်း၊ အမှုထမ်းများပါဝင်စေရေး အခါအားလျော်စွာ ကျင်းပဆောင်ရွက်လျက်ရှိရာ မြန်မာတို့၏ ဆယ့်နှစ်လရာသီ ပွဲတော်များအနက် တပို့တွဲလထမနဲထိုးပွဲကာလတွင် ကော်မရှင်ရုံးအဖွဲ့နှင့် ဦးစီးဌာန (၃) ခုအောက်ရှိ ဝန်ထမ်းများဖြင့် ထမနဲထိုးပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါသည်။


ဆက်စပ် သတင်းများ