အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် သင်ခန်းစာပို့ချမှု အစီအစဉ်များဆောင်ရွက်

  • Thu, 2 February 2023

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် သင်ခန်းစာပို့ချမှု အစီအစဉ်များဆောင်ရွက်


နေပြည်တော်၊ ဖေဖော်ဝါရီလ (၂) ရက်

    အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ညှိနှိုင်းချက် အရ ၂-၂-၂၀၂၃ ရက်နေ့တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် (မန္တလေးဘဏ်ခွဲ)တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆွေးနွေးမှုများကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ကော်မရှင်ရုံးခွဲ(မန္တလေး) မှ ညွှန်ကြားရေးမှူးနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ နေပြည်တော်မှ ဒုတိယညွှန်ကြားရေးမှူးတို့က အဂတိလိုက်စားမှု၏ သဘောသဘာဝများ၊ အဓိပ္ပာယ်ဖွင့်ဆိုချက်များ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေ၊ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးနှင့် စုံစမ်းစစ်ဆေးရေးကိစ္စများကို ဆွေးနွေးခဲ့ပါသည်။ တက်ရောက်လာသည့် ဝန်ထမ်းများမှလည်း သိရှိလိုသည်များ မေးမြန်းခြင်း၊ အပြန်အလှန်ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။

  ၎င်းအပြင် ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေးပညာပေး (Edu- tainment) အစီအစဉ်အရ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ မူလတန်းနှင့် အလယ်တန်းအဆင့် ကျောင်းသား/ ကျောင်းသူ (၃၂၇) ဦးတို့ကို ကော်မရှင်မှထုတ်ဝေဖြန့်ချိခဲ့သည့် ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး ပညာပေးအစီအစဉ် (ဆရာကိုင်) စာအုပ်များမှ သင်ခန်းစာများကို ဆွေးနွေးပို့ချခဲ့ကြပါသည်။


ဆက်စပ် သတင်းများ