အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ အရ တရားစွဲဆိုခံရသည့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီးဟောင်း ဦးနိုင်ငံလင်းအပေါ် အမိန့်ချမှတ်

  • Thu, 28 April 2022

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီးဟောင်း ဦးနိုင်ငံလင်း အပေါ် တိုင်ကြားခြင်းနှင့်စပ်လျဉ်း၍ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းဆောင်ရွက်ခဲ့ရာ စစ်ဆေးတွေ့ရှိချက်များအရ ဦးနိုင်ငံလင်းသည် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ဘတ်ဂျက်ဖြင့် တည်ဆောက်သည့် ပညာရေးဆိုင်ရာအဆောက်အဦများ ဆောက်လုပ်ရေးတင်ဒါကော်မတီဥက္ကဋ္ဌအဖြစ် ဆောင်ရွက်စဉ် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် သင်္ဃန်းကျွန်း ပညာရေးကောလိပ်နှင့် ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ်တို့တွင် အဆောက်အဦဆောက်လုပ်ခွင့်ရရှိသည့် ကုမ္ပဏီပိုင်ရှင် တစ်ဦး ထံမှ ငွေကျပ်သိန်း ၁၈၀ နှင့် တံစိုးလက်ဆောင်များအပါအဝင် အခြားကုမ္ပဏီပိုင်ရှင်သုံးဦးနှင့် ကုမ္ပဏီတစ်ခုတို့ထံမှ ငွေကြေးတံစိုးလက်ဆောင်များကို လက်ခံရယူခဲ့ခြင်းတို့ကြောင့် ဝန်ကြီးဟောင်း ဦးနိုင်ငံလင်း အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်တွင် ၁၂-၇-၂၀၂၁ ရက်နေ့၌ တရားစွဲဆိုတင်ပို့ခဲ့ရာ ရာဇဝတ်ကြီးမှုအမှတ် ၂၆/၂၀၂၁ မှ ၃၀/၂၀၂၁ အထိ အမှု  ၅ မှုဖြင့် လက်ခံစစ်ဆေးခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်က ၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၈ ရက်နေ့တွင် လူမှုရေးဝန်ကြီးဟောင်း ဦးနိုင်ငံလင်း အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ အရ အမှု ၅ မှုအတွက် ပြစ်မှုထင်ရှားစီရင်ပြီး တစ်မှုလျှင် ၃ နှစ်စီဖြင့် စုစုပေါင်း အလုပ်နှင့် ထောင်ဒဏ် ၁၅ နှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့ပါသည်။

ဆက်စပ် သတင်းများ