အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေအရ တရားစွဲဆိုခံရသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်အပေါ် အမိန့်ချမှတ်

  • Wed, 27 April 2022

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်၏  ဆောင်ရွက်မှု များတွင် အဂတိလိုက်စားမှုများရှိသောကြောင့် ဥပဒေနှင့်အညီ လိုအပ်သလို စုံစမ်းစစ်ဆေး အရေးယူနိုင်ရန် တိုင်ကြားခြင်းနှင့်စပ်လျဉ်း၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ပြီး စစ်ဆေးတွေ့ရှိချက်အရ ရာထူးတာဝန်ကို အလွဲသုံးစားပြုကာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်းထံမှ ရန်ကုန်တိုင်းဒေသကြီး အတွင်း လုပ်ငန်းဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ ထောက်ခံပေးရန်နှင့် ကာကွယ် စောင့်ရှောက် ပေးရန် ရည်ရွယ်ပေးအပ်သော အမေရိကန်ဒေါ်လာ ၆၀၀,၀၀၀(ခြောက်သိန်း)နှင့် အကယ်ဒမီ အခေါက်ရွှေ ခုနစ်ပိဿာ တို့ကို ၎င်း၏နေအိမ်တွင် သုံးကြိမ်ခွဲပြီး လက်ခံရယူခဲ့ခြင်းကြောင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည် အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရ ၈-၇-၂၀၂၁ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်တွင် တရားစွဲတင်ပို့ခဲ့ရာ ရာဇဝတ်ကြီးမှုအမှတ် ၂/၂၀၂၁ ဖြင့် မန္တလေး တိုင်းဒေသကြီး သီးသန့်တရားရုံး(နေပြည်တော်)တွင် ရုံးထိုင်စစ်ဆေးခဲ့ပါသည်။

မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်က ၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၇ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရ ပြစ်မှု ထင်ရှားစီရင်ပြီး ထောင်ဒဏ် ငါးနှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့ပါသည်။

ဆက်စပ် သတင်းများ