အရည်အချင်းစစ် ရေးဖြေအောင်မြင်သူများစာရင်းနှင့် လူတွေ့စစ်ဆေးမည့် နေ့ရက် အသိပေးကြေညာခြင်း

  • Thu, 31 March 2022

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး

နေပြည်တော်

အရည်အချင်းစစ် ရေးဖြေအောင်မြင်သူများစာရင်းနှင့် လူတွေ့စစ်ဆေးမည့် နေ့ရက်

အသိပေးကြေညာခြင်း

၁။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးက ၁၉-၃-၂၀၂၂ ရက်နေ့နှင့် ၂၀-၃-၂၀၂၂ ရက်နေ့ တို့တွင် နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ တောင်ကြီးနှင့် မော်လမြိုင်မြို့များ၌ ရေးဖြေစာမေးပွဲ ကျင်းပပြုလုပ်ခဲ့သည့် ဒုတိယလက်ထောက်ဦးစီးမှူး ရာထူးနေရာများအတွက် အရည်အချင်းစစ် ရေးဖြေ အောင်မြင်သူများစာရင်းကို အောက်ပါအတိုင်း ထုတ်ပြန်ကြေညာအပ်ပါသည် -

လူတွေ့ဖြေဆိုခွင့်ရရှိသည့် ခုံနံပါတ်များ

ဒု-လ/ထဦးစီး-(၁)၊ (၂)၊ (၆)၊ (၇)၊ (၈)၊ (၁၀)၊ (၁၄)၊ (၁၅)၊ (၁၆)၊ (၁၈)၊ (၁၉)၊ (၂၁)၊ (၂၄)၊ (၂၅)၊ (၂၇)၊ (၃၀)၊ (၃၁)၊ (၃၅)၊ (၃၆)၊ (၃၈)၊ (၃၉)၊ (၄၀)၊ (၄၁)၊ (၄၄)၊ (၄၅)၊ (၄၆)၊ (၄၇)၊ (၄၈)၊ (၄၉)၊ (၅၁)၊ (၅၂)၊ (၅၃)၊ (၅၅)၊ (၅၇)၊ (၆၁)၊ (၆၄)၊ (၆၆)၊ (၆၇)၊ (၆၉)၊ (၇၀)၊ (၇၂)၊ (၇၃)၊ (၇၄)၊ (၇၅)၊ (၇၈)၊ (၈၀)၊ (၈၁)၊ (၈၃)၊ (၈၄)၊ (၈၆)၊ (၉၀)၊ (၉၁)၊ (၉၃)၊ (၉၆)၊ (၉၇)၊ (၁၀၀)။

၂။ အရည်အချင်းစစ်ရေးဖြေအောင်မြင်သူများကို ၂၃-၄-၂၀၂၂ ရက်(စနေနေ့) နံနက်(၀၈:၀၀) နာရီအချိန်မှစ၍ နေပြည်တော်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ ရုံးအမှတ်(၅၆)တွင် လူတွေ့စစ်ဆေးခြင်းနှင့် ကွန်ပျူတာကျွမ်းကျင်မှုစစ်ဆေးခြင်းများကို ကျင်းပပြုလုပ်မည်ဖြစ်ပါသဖြင့် ဖြေဆိုမည့်နေ့ရက်မတိုင်မီ ၂၂-၄-၂၀၂၂ ရက်နေ့တွင် နံနက်(၀၉:၃၀)နာရီမှ (၁၆:၃၀)နာရီအချိန် ရုံးချိန်အတွင်း လာရောက်သတင်းပို့ကြရန်နှင့် လူတွေ့လာရောက်ဖြေဆိုရာ၌ အောက်ဖော်ပြပါ အထောက်အထား(မူရင်း)တို့ကို တစ်ပါတည်းယူဆောင်လာရမည်ဖြစ်ပါသည်-

(က) ဘွဲ့လက်မှတ်(မူရင်း)

(ခ) အသက်အထောက်အထားအတွက် အခြေခံပညာအထက်တန်းအောင်လက်မှတ်(မူရင်း)

(ဂ) နိုင်ငံသားစိစစ်ရေးကတ်ပြား(မူရင်း)

မှတ်ချက်။ အထက်ပါအထောက်အထားများ ပြည့်စုံစွာတင်ပြနိုင်ခြင်းမရှိပါက လူတွေ့ စစ်ဆေးခံယူခြင်းစာရင်းမှ ပယ်ဖျက်မည်ဖြစ်ပါသည်။

၃။ လူတွေ့စစ်ဆေးခြင်းနှင့် ကွန်ပျူတာကျွမ်းကျင်မှုစစ်ဆေးခြင်းများ ခံယူရန် လာရောက်သူ များသည် အောက်ပါအတိုင်းဝတ်ဆင်လာရမည် -

(က) အမျိုးသားတိုက်ပုံ၊ လည်ကတုံးအင်္ကျီ(အဖြူ)နှင့် ပုဆိုး

(ခ) အမျိုးသမီးများ မြန်မာဆန်ဆန်ဝတ်ဆင်လာရမည်။

၄။ အရည်အချင်းစစ် ရေးဖြေအောင်မြင်သူများ၏ အမည်စာရင်းအား အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၏ Website ဖြစ်သော www.accm.gov.mm နှင့် Facebook Page: ACC Myanmar တို့တွင် ကြေညာပေးထားမည်ဖြစ်ပါသည်။

၅။ အသေးစိတ်သိရှိလိုပါက နေပြည်တော်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ စီမံရေးရာဦးစီးဌာန၊ ဝန်ထမ်းရေးရာဌာနခွဲ၊ ဖုန်းအမှတ်၊ ၀၆၇-၈၁၀၃၄၈၇ သို့ဖြစ်စေ၊ လူကိုယ်တိုင် ဖြစ်စေ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်ပါသည်။



                                                                   အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး


ဆက်စပ် သတင်းများ