အရည်အချင်းစစ်စာမေးပွဲများ ကျင်းပမည့် နေ့ရက်၊ အချိန်၊ နေရာနှင့် ဖြေဆိုခွင့်ကတ် ထုတ်ယူနိုင်ရေး အသိပေးကြေညာခြင်း

  • Sun, 27 February 2022

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး

နေပြည်တော်

အရည်အချင်းစစ်စာမေးပွဲများ ကျင်းပမည့် နေ့ရက်၊ အချိန်၊ နေရာနှင့်

ဖြေဆိုခွင့်ကတ် ထုတ်ယူနိုင်ရေး အသိပေးကြေညာခြင်း

၁။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးအနေဖြင့် ၁၁-၁-၂၀၂၂ ရက်နေ့ထုတ် မြန်မာ့အလင်း နှင့် ကြေးမုံသတင်းစာများတွင် ကော်မရှင်ရုံး၌ လစ်လပ်လျက်ရှိသော လစာနှုန်း ၁၈၀၀၀ဝိ-၂၀၀ဝိ-၁၉၀၀၀ဝိ တန်း ဒုတိယလက်ထောက်ဦးစီးမှူး ရာထူး(၅၀)နေရာအတွက် အလုပ်လျှောက်လွှာများ ခေါ်ယူခဲ့ပါသည်။

၂။ အဆိုပါ ဒုတိယလက်ထောက်ဦးစီးမှူး ရာထူးနေရာအတွက် ရေးဖြေစာမေးပွဲအား အောက်ပါ အတိုင်း ဖြေဆိုရမည်ဖြစ်ပါသည် -

(က) ဖြေဆိုမည့်နေ့ရက်/ဘာသာရပ် - ၁၉-၃-၂၀၂၂ (စနေနေ့)၊ အင်္ဂလိပ်စာ

၂၀-၃-၂၀၂၂ (တနင်္ဂနွေနေ့)၊ အထွေထွေဗဟုသုတ

(ခ) ဖြေဆိုမည့်အချိန် - ၀၉:၀၀ နာရီမှ ၁၁:၀၀ နာရီထိ

(ဂ) စာမေးပွဲကျင်းပပြုလုပ်မည့် - ကော်မရှင်ရုံး (နေပြည်တော်)၊ ကော်မရှင်ရုံးခွဲများ

နေရာများ(စာစစ်ဌာနများ) (ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ မော်လမြိုင်)


၃။ စာမေးပွဲဖြေဆိုခွင့်ကတ်(ခုံနံပါတ်)များကို ၁၇-၃-၂၀၂၂ ရက်နေ့မှ ၁၈-၃-၂၀၂၂ ရက်နေ့အထိ စာမေးပွဲ ကျင်းပပြုလုပ်မည့် နေရာများ(စာစစ်ဌာနများ)ဖြစ်သည့် ရုံးအမှတ်(၅၆) နေပြည်တော်၊ ကော်မရှင်ရုံးခွဲ(ရန်ကုန်)၊ ကော်မရှင်ရုံးခွဲ(မန္တလေး)၊ ကော်မရှင်ရုံးခွဲ(တောင်ကြီး)နှင့် ကော်မရှင်ရုံးခွဲ (မော်လမြိုင်)တို့၌ ထုတ်ပေးမည်ဖြစ်ရာ မိမိတို့ဖြေဆိုမည့် စာစစ်ဌာနသို့ ရုံးချိန်အတွင်း နိုင်ငံသား စိစစ်ရေးကတ်ပြား (မူရင်း)နှင့်အတူ ကာယကံရှင်ကိုယ်တိုင် လာရောက်ထုတ်ယူရမည်။

၄။ စာမေးပွဲဖြေဆိုမည့်ရက်တွင် ဖြေဆိုခွင့်ကတ်ပြား၊ နိုင်ငံသားစိစစ်ရေးကတ်ပြား၊ ဘွဲ့လက်မှတ် နှင့် အလုပ်သမားမှတ်ပုံတင်ကတ်ပြား မူရင်းတို့ကို တစ်ပါတည်းယူဆောင်လာရမည်။

၅။ စာစစ်ဌာနအလိုက် ဖြေဆိုခွင့်ရရှိသူ အမည်စာရင်းများကို ရုံးအမှတ်(၅၆) နေပြည်တော်၊ ကော်မရှင်ရုံးခွဲ(ရန်ကုန်)၊ ကော်မရှင်ရုံးခွဲ(မန္တလေး)၊ ကော်မရှင်ရုံးခွဲ(တောင်ကြီး)နှင့် ကော်မရှင်ရုံးခွဲ (မော်လမြိုင်)တို့ရှိ ကြော်ငြာသင်ပုန်းများ၊ ဌာန၏ Website ဖြစ်သော www.accm.gov.mm နှင့် Facebook Page: ACC Myanmar တို့တွင် ကြေညာပေးထားမည် ဖြစ်ပါသည်။ 

၆။ ရေးဖြေအောင်မြင်ပြီး လူတွေ့နုတ်ဖြေစာမေးပွဲဖြေဆိုရန် ရွေးချယ်ခံရသူများကို ဖြေဆိုရမည့် နေ့ရက်၊ အချိန်နှင့် နေရာတို့အား ဌာန၏ Website ဖြစ်သော www.accm.gov.mm နှင့် Facebook Page: ACC Myanmar တို့တွင် ထုတ်ပြန်ကြေညာပေးထားမည်ဖြစ်ပါသည်။ 

၇။ အသေးစိတ်သိရှိလိုပါက နေပြည်တော်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ စီမံ ရေးရာဦးစီးဌာန၊ ဝန်ထမ်းရေးရာဌာနခွဲ၊ ဖုန်းနံပါတ်၊ ၀၆၇-၈၁၀၃၄၈၇ သို့ဖြစ်စေ၊ ကော်မရှင်ရုံးခွဲ (ရန်ကုန်)၏ ဖုန်းနံပါတ်၊ ၀၁-၅၃၂၆၀၇ သို့ဖြစ်စေ၊ ကော်မရှင်ရုံးခွဲ (မန္တလေး)၏ ဖုန်းနံပါတ်၊ ၀၂-၄၀၅၆၀၇၉ သို့ဖြစ်စေ၊ ကော်မရှင်ရုံးခွဲ (တောင်ကြီး)၏ ဖုန်းနံပါတ်၊ ၀၈၁-၂၁၃၂၂၇၅၊ ၀၈၁-၂၁၃၂၂၇၆ သို့ဖြစ်စေ၊ ကော်မရှင်ရုံးခွဲ (မော်လမြိုင်)၏ ဖုန်းနံပါတ်၊ ၀၅၇-၂၀၂၇၈၆၉ သို့ဖြစ်စေ၊ လူကိုယ်တိုင် ဖြစ်စေ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်ပါသည်။


ဆက်စပ် သတင်းများ