ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဟောင်း ဦးမင်းသူအပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ်အရေးယူ

  • Tue, 25 January 2022

နေပြည်တော် ဇန်နဝါရီလ(    ၂၅     )ရက်

ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဟောင်း ဦးမင်းသူ အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့်အညီ အရေးယူပေးပါရန် တိုင်ကြားခြင်း နှင့်စပ်လျဉ်း၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း စစ်ဆေးခဲ့ပါသည်။

စုံစမ်းစစ်ဆေးရေးအဖွဲ့၏ စစ်ဆေးတွေ့ရှိချက်အရ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဟောင်း ဦးမင်းသူသည် နိုင်ငံရေးရာထူးလက်ရှိဖြစ်ခဲ့စဉ် ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလအတွင်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ကုမ္ပဏီပိုင်ရှင်တစ်ဦးထံ ဆက်သွယ်၍ NLD တံဆိပ်ပါသော တီရှပ်အင်္ကျီအထည် ၁၈၀၀၀ အတွက် ကာလတန်ဖိုးငွေကျပ် ၃၁၅ သိန်းကိုလည်းကောင်း၊ NLD တံဆိပ်ပါသောလွယ်အိတ်များဝယ်ယူရန်အတွက် ငွေကျပ် သိန်း ၃၆၀ ကိုလည်းကောင်း လက်ခံရယူခဲ့ခြင်းသည် ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ အဂတိလိုက်စားမှု ကျူးလွန်ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ၎င်းအပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ဘုရားကုန်မြို့မရဲစခန်းတွင် ၂၅-၁-၂၀၂၂ ရက်နေ့၌ ပထမသတင်းပေးတိုင်ကြားချက် ဖွင့်လှစ်၍ တရားစွဲဆိုအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

ဆက်စပ် သတင်းများ