သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဟောင်း သူရဦးအောင်ကို အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် ထပ်မံ အမှုဖွင့်လှစ် အရေးယူ

  • Mon, 22 March 2021

နေပြည်တော်၊ မတ်လ  ၂၂  ရက်

    သူရဦးအောင်ကိုသည် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး တာဝန်ထမ်းဆောင်စဉ် နိုင်ငံတော်မှ လူပုဂ္ဂိုလ်များသို့ သာသနာ့နုဂ္ဂဟဘွဲ့တံဆိပ် နှစ်စဉ်ချီးမြှင့်ပေးအပ်ခြင်းနှင့်ပတ်သက်၍ ငွေကြေးနှင့် ပစ္စည်းများ လက်ခံရယူခဲ့သည့်အပေါ် အရေးယူပေးပါရန် တိုင်ကြားစာအရ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးကာ စစ်ဆေးပေါ်ပေါက်ချက်များအရ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ ဖြင့် အမှု(၃)မှုဖွင့်ကာ တရားစွဲဆိုအရေးယူ ဆောင်ရွက်ခဲ့ပါသည်။

    စုံစမ်းစစ်ဆေးရေးအဖွဲ့၏ ထပ်မံစစ်ဆေးတွေ့ရှိချက်အရ သူရဦးအောင်ကိုသည် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး တာဝန်ထမ်းဆောင်ခဲ့စဉ်က ကျပ်သိန်း ၂၅၀ ကျော် တန်ဖိုးရှိသည့် အလေးချိန် ၂၀ ကျပ်သားခန့်ရှိသော ရွှေပန်းကန် တစ်ချပ်အား ကျသင့်တန်ဖိုးပေးချေခြင်းမရှိဘဲ လက်ခံရယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် သူရဦးအောင်ကို အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရ နေပြည်တော် သက်ဆိုင်ရာရဲစခန်းတွင် ၂၂-၃-၂၀၂၁ ရက်နေ့၌ ပထမသတင်းပေးတိုင်ကြားချက် ဖွင့်လှစ်၍ ထပ်မံတရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။      

ဆက်စပ် သတင်းများ