မွန်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဒေါက်တာအေးဇံ အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ် အရေးယူ

  • Wed, 7 April 2021

နေပြည်တော်၊ ဧပြီလ ၇ ရက်

          မွန်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဒေါက်တာအေးဇံသည် ဝန်ကြီးချုပ်ရာထူးနှင့် လုပ်ပိုင်ခွင့်ကို အကြောင်းပြု၍ စီးပွားရေးလုပ်ငန်းရှင်များထံမှ ငွေကြေးများ ရယူသုံးစွဲခဲ့မှုများ အပေါ် ဥပဒေနှင့်အညီ အရေးယူပေးပါရန်တိုင်ကြားစာအရ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ပါသည်။ 

    စုံစမ်းစစ်ဆေးရေးအဖွဲ့၏ စစ်ဆေးတွေ့ရှိချက်အရ မွန်ပြည်နယ်၊ ဝန်ကြီးချုပ်ဟောင်း ဒေါက်တာအေးဇံသည် မွန်ပြည်နယ်အစိုးရအဖွဲ့တွင် ဝန်ကြီးချုပ်အဖြစ် တာဝန်ယူဆောင်ရွက်သည့် နိုင်ငံရေးရာထူး လက်ရှိဖြစ်ခဲ့စဉ်ကာလအတွင်း တည်ဆဲဥပဒေ၊ စည်းမျဉ်း စည်းကမ်း၊ လုပ်ထုံးလုပ်နည်းများကို ဖောက်ဖျက်၍ ၂၀၁၈ ခုနှစ်မှ စတင်၍ သံလွင်မြစ်အတွင်း သဲများစုပ်ယူ ထုတ်လုပ်ခဲ့ရာတွင် လုပ်ငန်းရှင်များထံမှ စုစုပေါင်းငွေကျပ် ၅၆၉၈၀၉၂၅ဝိ/- (ကျပ်သိန်းငါးထောင်ခြောက်ရာကိုးဆယ်ကျော်)ကို ဝန်ကြီးချုပ်က လက်ခံရယူခဲ့ကြောင်း၊ သဲသောင်တူးဖော်ရေးလုပ်ငန်းတွင် နိုင်ငံတော်ဘဏ္ဍာရန်ပုံငွေစာရင်းသို့ အမှန်တကယ် ပေးသွင်းရမည့် ဓာတ်သတ္ထုခွန်အား လုပ်ပိုင်ခွင့်မရှိဘဲ လျော့နည်းပေးသွင်းရန် ခွင့်ပြုခဲ့ခြင်းကြောင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် နိုင်ငံတော်မှရရှိမည့် ဘဏ္ဍာငွေကျပ် ၁၃၂၃၅၇၆၆ဝိ/- (ကျပ်သိန်းတစ်ထောင်သုံးရာနှစ်ဆယ်ကျော်) နစ်နာဆုံးရှုံးခဲ့ကြောင်း၊ Covid-19 ရန်ပုံငွေများမှ ငွေကျပ်သိန်း(၂၀၀)ကို ပုဂ္ဂိုလ်ရေးအရ အခြားသူတစ်ဦးသို့ ခေတ္တထုတ်ပေးခဲ့ပြီး ပြန်လည်ပေးဆပ်မှုမရှိခြင်း၊ အခြားပုဂ္ဂိုလ်နှစ်ဦးသို့ ငွေကျပ်သိန်း(၆၅၀) ထုတ်ပေးခဲ့ပြီး ပြန်လည်ပေးဆပ်မှု မရှိခြင်းတို့သည် နိုင်ငံတော်၏ ငွေကြေးပိုင်ဆိုင်မှုကိုထိခိုက်နစ်နာပျက်စီး ဆုံးရှုံးခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ဒေါက်တာအေးဇံ အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရ မွန်ပြည်နယ်၊ မော်လမြိုင်မြို့မရဲစခန်းတွင် ၇-၄-၂၀၂၁ ရက်နေ့၌ ပထမသတင်းပေးတိုင်ကြားချက်ဖွင့်လှစ်၍ တရားစွဲဆိုအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

ဆက်စပ် သတင်းများ