ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ရှေ့နေချုပ်ရုံးမှ ကြီးမှူးကျင်းပသော အသိပညာပေး ပိုစတာနှင့် ဗီဒီယို ကြော်ငြာပြိုင်ပွဲတွင် မြန်မာ ဒုတိယဆုရရှိ
- Tue, 5 January 2021
၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၃၀ ရက်
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ရှေ့နေချုပ်ရုံးမှ ကြီးမှူး၍ “Together
Against Corruption” ခေါင်းစဉ်ဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး
ပိုစတာနှင့် ဗီဒီယိုကြော်ငြာ ပြိုင်ပွဲအား ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ ပြိုင်ပွဲတွင် နိုင်ငံတကာမှ အသက် ၁၄ နှစ် နှင့် ၃၅
နှစ်အတွင်းရှိ လူငယ်များက ပြိုင်ပွဲဝင် ပိုစတာနှင့် Video များကို
ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါသည်။ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသူများအနက် မြန်မာနိုင်ငံမှ
ရန်ကုန်မြို့ အ.ထ.က(၂)၊ စမ်းချောင်းတွင် ပညာသင်ယူနေသော အဋ္ဌမတန်း ကျောင်းသူ
မအိမ့်မျက်ခြယ်သည် ဒုတိယဆုရရှိခဲ့ပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။