“လွတ်လပ်စွာ ရေးသားထုတ်ဖော်ပြောဆိုခွင့်နှင့် သတင်းအချက်အလက် ရပိုင်ခွင့်ဆိုင်ရာ” ဆွေးနွေးပွဲ ပြုလုပ်ခြင်း

  • Tue, 18 August 2020

“လွတ်လပ်စွာ ရေးသားထုတ်ဖော်ပြောဆိုခွင့်နှင့် သတင်းအချက်အလက် ရပိုင်ခွင့်ဆိုင်ရာ” ဆွေးနွေးပွဲ ပြုလုပ်ခြင်း


နေပြည်တော်၊ ဩဂုတ်လ (၁၇) ရက်

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သို့ PEN Myanmar နှင့် ပြည်ကြီးခင်လူမှုရေးအသင်း တို့က လွတ်လပ်စွာ ရေးသားထုတ်ဖော်ပြောဆိုခွင့်နှင့် သတင်းအချက်အလက်ရပိုင်ခွင့်ဆိုင်ရာ အကြောင်းအရာများနှင့်ပတ်သက်၍ ကော်မရှင်ရုံး၊ အစည်းအဝေးခန်းမတွင် ၁၇-၈-၂၀၂၀ ရက်နေ့ နံနက် (၁၀:၀၀) နာရီမှ (၁၁:၅၀) နာရီထိ လာရောက်တွေ့ဆုံဆွေးနွေးတင်ပြခဲ့ပါသည်။

 

ဆွေးနွေးပွဲတွင် ကော်မရှင်ဥက္ကဋ္ဌနှင့် စာရေးဆရာညီပုလေးတို့က အဖွင့်မိတ်ဆက်စကား ပြောကြားခဲ့ပြီး စာရေးဆရာမ မသီတာ (စမ်းချောင်း) က ပြည်သူလူထုဆက်ဆံရေးနှင့် လွတ်လပ်စွာ ရေးသားထုတ်ဖော်ပြောဆိုခွင့်၊ ပြည်ကြီးခင်လူမှုရေးအသင်းမှ ဦးသန့်လွင်ထူးက သတင်း အချက်အလက် ရပိုင်ခွင့်တို့နှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြပါသည်။

 

ထို့နောက် ကော်မရှင်ဥက္ကဋ္ဌက ကော်မရှင်ကျင့်ဝတ်နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး လုပ်ငန်း ဆောင်ရွက်နေမှုများအား ရှင်းလင်းပြောကြားခဲ့ပါသည်။

 

ဆွေးနွေးပွဲသို့ ကော်မရှင်ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များ၊ PEN Myanmar အဖွဲ့မှ ဥက္ကဋ္ဌ စာရေးဆရာ ညီပုလေး(ခ)ဦးငြိမ်းချမ်း၊ စာရေးဆရာမ မသီတာ(စမ်းချောင်း) ကဗျာဆရာ စောဝေ (ခ)ဦးစောဝင်းနှင့် ပြည်ကြီးခင်လူမှုရေးအသင်းမှ စီမံကိန်းမန်နေဂျာ ဦးသန့်လွင်ထူးနှင့် ဦးသိန်းထိုက်ဦး တို့ တက်ရောက်ခဲ့ကြပါသည်။

 

ဆက်စပ် သတင်းများ