ဖြောင့်မတ်တည်ကြည်မှု၊ ကျင့်ဝတ်နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ ရည်ညွှန်းစာစောင်များ လွှဲပြောင်းပေးအပ်ခြင်း
- Tue, 30 June 2020
နေပြည်တော် ဇွန်လ ၃၀
++++++++++++++++++
ဖြောင့်မတ်တည်ကြည်မှု မြှင့်တင်ရေး ပညာပေး အစီအစဉ်အနေဖြင့် ဖြောင့်မတ်တည်ကြည်မှု၊ ကျင့်ဝတ်နှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ ရည်ညွှန်းစာစောင်များကို ကရင်ပြည်နယ် ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ လွှတ်တော် ဥက္ကဌနှင့် ကိုယ်စားလှယ်များ၊ တရားလွှတ်တော် တရားသူကြီးချုပ်၊ တရားသူကြီးများ ဖတ်ရှုလေ့လာနိုင်ရန်နှင့် စာကြည့်တိုက်တွင် ထားရှိလေ့လာနိုင်ရန် အတွက် လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ယနေ့ နံနက်(၁၀)နာရီတွင် ကရင်ပြည်နယ် အစိုးရအဖွဲ့၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်မှ အဂတိလိုက်စားမှု ပြဿနာများနှင့် ပတ်သက်၍ သတိမမူ ဂူမမြင် ဖြစ်နေခြင်း၊ ပညာရှိ သတိဖြစ်ခဲ ဖြစ်နေခြင်း တို့ကို ကော်မရှင်အနေဖြင့် ယခုကဲ့သို့ ဖြောင့်မတ်တည်ကြည်မှု ကျင့်ဝတ်နှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ရည်ညွှန်းစာစောင်များ ပေးအပ်လှူဒါန်း၍ အသိပညာပေးခြင်းဖြစ်၍ အကျိုးကျေးဇူးများပါကြောင်း၊ နောင်တွင် ယခုစာအုပ်များကို ဖတ်ရှု၍ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးနိုင်ပြီဖြစ်၍ ကော်မရှင်အား ကျေးဇူးတင်ရှိပါကြောင်း ပြောကြားပါသည်။
ဆက်လက်၍ ကော်မရှင်အဖွဲ့ဝင် ဦးဇော်ဝင်းက အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို ကော်မရှင်၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေး မဟာဗျူဟာ (၂၀၁၈-၂၀၂၁) နှင့်အညီ နှစ်စဉ်လုပ်ငန်း စီမံချက်များ ရေးဆွဲ၍ အသိပညာပေးခြင်းကဏ္ဍ၊ တားဆီးကာကွယ်ခြင်းကဏ္ဍနှင့် စုံစမ်းစစ်ဆေး အရေးယူခြင်းကဏ္ဍ တို့ကို အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါကြောင်း၊ ထိုကဲ့သို့ဆောင်ရွက်ရာတွင် အသိပညာပေးခြင်းနှင့် တားဆီးကာကွယ်ခြင်းကဏ္ဍတို့နှင့် ပတ်သက်၍ စီးပွားရေးကဏ္ဍနှင့် အုပ်ချုပ်မှုကဏ္ဍများတွင် ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများကို ၂၀၁၉ ခုနှစ်အတွင်း တိုင်းနှင့် ပြည်နယ်များတွင် ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ကလေးသူငယ်ဘဝမှ လူငယ်အထိ ဖြောင့်မတ်တည်ကြည်မှု မြှင့်တင်နိုင်ရေးအတွက် မူလတန်းအဆင့်မှ အလယ်တန်းအဆင့်အတွက် ဖြောင့်မတ်တည်ကြည်မှု မြှင့်တင်ရေးဆိုင်ရာ ဆရာကိုင်စာအုပ်များကို ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းပြုစု၍ ဖြန့်ဝေပေးပြီးဖြစ်ကြောင်း၊ ဆက်လက်၍ အထက်တန်းနှင့် တက္ကသိုလ်အဆင့် ရည်ညွှန်းစာစောင်များကို ပြုစုပြီးဖြစ်၍ ပညာရေးဝန်ကြီးဌာနသို့ ဆက်လက် လွှဲပြောင်းပေးမှာဖြစ်ကြောင်း၊
ထို့အပြင် COVID-19 ကပ်ရောဂါကာလအတွင်း ရောဂါအန္တရာယ်တုံ့ပြန်ကာကွယ်ရေး၊ စီးပွားရေးကဏ္ဍများ ပြန်လည်ဖွံ့ဖြိုးလာရေး အစီအစဉ်များတွင် ထိရောက်မှုရှိစေနိုင်ရေးအတွက် ဝယ်ယူရေးကဏ္ဍ၊ ပြည်သူ့အတွက်
ထို့အပြင် COVID-19 ကပ်ရောဂါကာလအတွင်း ရောဂါအန္တရာယ်တုံ့ပြန်ကာကွယ်ရေး၊ စီးပွားရေး ကဏ္ဍများ ပြန်လည်ဖွံ့ဖြိုးလာရေး အစီအစဉ်များတွင် ထိရောက်မှုရှိစေနိုင်ရေးအတွက် ဝယ်ယူရေး ကဏ္ဍ၊ ပြည်သူ့အတွက် ဝန်ဆောင်မှုပေးသည့်ကဏ္ဍနှင့် ရန်ပုံငွေများ စီမံခန့်ခွဲရေးကဏ္ဍတို့တွင် အများ ပြည်သူဆိုင်ရာ ဖြောင့်မတ်တည်ကြည်မှု၊ ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှု မြင့်မားရေး အတွက် အသိပညာပေးမှု အစီအစဉ်များကို ကော်မရှင်၏ Facebook Page တွင် ACC Against COVID−19 ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးမှု အစီအစဉ်များ၊ ဆောင်းပါးရေးသားမှု အစီအစဉ်များ ဆောင်ရွက်ပေးလျှက် ရှိပါကြောင်း၊
အဂတိလိုက်စားနိုင်ခြေ ဘေးအန္တရာယ်ရှိမှု ဆန်းစစ်လေ့လာခြင်း(Corruption Risk Assessment) နှင့်ပတ်သက်၍လည်း ပြည်ထောင်စုဝန်ကြီးဌာနများရှိ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးယူနစ် (CPU)များမှ တာဝန်ရှိသူများအား Virtual Workshop နည်းစနစ်အသုံးပြု၍ နည်းပညာ မျှဝေသည့် အလုပ်ရုံဆွေးနွေးပွဲကို ၉−၆−၂၀၂၀ ရက်နေ့က ဆောင်ရွက်ခဲ့ပါကြောင်း၊
ယခုလှုဒါန်းမည့် စာစောင်များသည် ဖြောင့်မတ်တည်ကြည်မှု မြှင့်တင်ရေး ပညာပေးအစီအစဉ် အခြေခံပညာအထက်တန်းအဆင့် ရည်ညွှန်းစာစောင်၊ ဖြောင့်မတ်တည်ကြည်မှုနှင့် ကျင့်ဝတ် တက္ကသိုလ် အဆင့် ရည်ညွှန်းစာစောင်နှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး တက္ကသိုလ်အဆင့် ရည်ညွှန်းစာစောင်တို့ ဖြစ်ပါကြောင်း၊
ယင်းရည်ညွှန်းစာစောင်များသည် ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (United Nation Office on Drugs and Crime-UNODC)၏ University Module Series မှ အဓိကကျသော အကြောင်းအရာများကို အလွယ်တကူ အဆင်ပြေစွာ လေ့လာနိုင်ရေးအတွက် ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ မြန်မာဘာသာသို့ ဘာသာပြန်ဆိုထားခြင်း ဖြစ်ပါကြောင်းနှင့် ရည်ညွှန်းစာစောင်များကို ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ ရေးသားပြုစု ဖြန့်ဝေရခြင်းရဲ့ ရည်ရွယ်ချက်များ အနေဖြင့်−
(က) လူ့အဖွဲ့အစည်းတစ်ရပ်လုံးသည် ဖြောင့်မတ်တည်ကြည်မှုကို ကိုယ်ပိုင်အသိတရားဖြင့် တန်ဖိုးထားအပ်ပြီး လက်တွေ့လိုက်နာ ကျင့်ကြံအားထုတ်တတ်စေရန်၊
(ခ) အခြေခံစည်းကမ်း မူဘောင်များနှင့် ကျင့်ဝတ်များကို လိုက်နာခြင်းဖြင့် လူ့ဘောင်အဖွဲ့ အစည်းအတွက် အကျိုးပြုသူများ ဖြစ်လာစေရန်၊
(ဂ) မိမိတို့ လူ့အဖွဲ့အစည်းအပေါ် မှန်ကန်ကောင်းမွန်သော အတွေးအမြင်များ ရရှိစေရန်၊
(ဃ) လူတိုင်းသည် မိမိတို့၏ လုပ်ဆောင်မှုတိုင်းအတွက် တာဝန်ယူမှုရှိစေရန်၊
(င) ပြည်သူ့ဝန်ထမ်းများနှင့် နိုင်ငံ့ဝန်ထမ်းများအတွင်း အများပြည်သူဆိုင်ရာ ဖြောင့်မတ် တည်ကြည်မှု (Public Integrity) ဖွံ့ဖြိုးတိုးတက်လာစေရန်အပြင် နိုင်ငံတစ်ဝန်း အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးရန်တို့အတွက် ဤစာစောင်ကို လေ့လာ အသုံးပြုသွားရန်
တို့ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။
ဤရည်ညွှန်းစာစောင်များကို ကျယ်ကျယ်ပြန့်ပြန့် လေ့လာဖတ်ရှုနိုင်အောင် စီစဉ်ပေးခြင်း အားဖြင့် စီးပွားရေးကဏ္ဍ၊ ပုဂ္ဂလိကကဏ္ဍ၊ အုပ်ချုပ်ရေးကဏ္ဍတို့မှာ ဖြောင့်မတ်တည်ကြည်မှု၊ ကိုယ် ကျင့်သိက္ခာနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုဆိုင်ရာ ခံယူချက်များ၊ အသိအမြင်များ ပိုမိုခိုင်မာလာစေမည်ဟု ယုံကြည်မျှော်လင့်ပါကြောင်း ပြောကြားခဲ့ပြီးနောက် ပြည်နယ်အစိုးရအဖွဲ့အတွက် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်ထံသို့ ရည်ညွှန်းစာစောင် (၁၃)စုံ၊ ပြည်နယ်လွှတ်တော် ဥက္ကဌ ဦးစောချစ်ခင် ထံသို့ ရည်ညွှန်းစာစောင် (၂၃)စုံ၊ ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်