အစီအစဉ် (၁)

  • Sun, 26 April 2020

ACC Against Covid-19 အထူးအစီအစဉ်အတွက် ပါမောက္ခဒေါက်တာအောင်ထွန်းသက်၏ အမှာစကား


မြန်မာနိုင်ငံအဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်မှ (ACC Against Covid-19) ပညာပေးအစီအစဉ်တစ်ရပ်ကို ၂၀၂၀ ပြည့်နှစ် ဧပြီလ ၂၇ ရက်နေ့မှစတင်၍ စီစဉ်ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။ ဒီအစီအစဉ်ကို ဉီးဆောင်တဲ့ ကော်မရှင်ဥက္ကဋ္ဌ ဉီးအောင်ကြည်၊ အတွင်းရေးမှူးနှင့် ကော်မရှင်အဖွဲ့ဝင်များ၊ တာဝန်ရှိသူအဆင့်ဆင့်တို့အား ကျေးဇူးတင်ရှိ ပါတယ်။ အသိအမှတ်ပြုအပ်ပါတယ်။

ကိုဗစ်-၁၉ ကပ်ရောဂါကြီးကို ရင်ဆိုင်ဖြေရှင်းတဲ့အခါ ပြည်သူ့ကျန်းမာရေး ရှုထောင့်က သုံးသပ်ဖြေရှင်းကြပါတယ်။ အခုလို အချိန်မျိုးမှာ အဂတိလိုက်စားမှုနဲ့ မပတ် သက်ဘူးလို့ယူဆကြမှာဖြစ်ပါတယ်။ အမှန်တော့ “ပွဲလန့်တုန်းဖျာခင်း” ဆိုတဲ့ အခြေအနေမျိုး ရှိနေတာ တွေ့ရတယ်။ ရတဲ့ အခွင့်အရေးကို ယူလိုတဲ့သူတွေက ပေါ်လာတာပါပဲ။ ပုံမှန်ဈေး ထက် အဆမတန် မြှင့်ပြီးရောင်းချတာမျိုးကို တွေ့နေရတယ်။ ကုမ္ပဏီလုပ်ငန်းအဖွဲ့အစည်း တွေမှာလည်း တည်ဆဲ လုပ်ထုံးလုပ်နည်းတွေကို ကိုဗစ်-၁၉ အကြောင်းပြပြီး မလိုက်နာ တာတွေ တွေ့ရတယ်။

အရာရာဟာ အွန်လိုင်း (Online) ဖြစ်နေတာမို့ ခေတ်မီ နည်းပညာသုံးပြီး ပုံစံ အမျိုးမျိုးနဲ့ လှည့်စားတာ၊ လိမ်လည်တာ၊ အလွဲသုံးစားလုပ်နေတာကို တွေ့ရတယ်။

(ACC Against Covid-19) အစီအစဉ်မှာ ကျွန်တော်က ကိုယ်တတ်နိုင်တဲ့ တစ်ထောင့် တစ်နေရာက ပါဝင်မှာ ဖြစ်ပါတယ်။ အထူးသဖြင့် အခုလို အခက်အခဲအမျိုးမျိုးရင်ဆိုင် ကြုံတွေ့ နေရတဲ့ ကာလမှာ ပုံစံအမျိုးစုံနဲ့ အဂတိလိုက်စားတာတွေကို တိုက်ဖျက်ရာမှာ ဖြောင့်မတ် တည်ကြည်မှု ရှုထောင့်ကနေ သင်ယူမှု လုပ်ငန်းတွေကို ဆောင်ရွက်သွားမှာ ဖြစ်တယ်။ 

တစ်ပတ်တစ်ကြိမ် ACC ရဲ့ Facebook Page က တစ်ဆင့် ကျွန်တော်ရဲ့ အမြင် အယူ အဆတွေကို မျှဝေသွားမှာ ဖြစ်ပါတယ်။ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာ မဖြစ်နိုင်ပေမယ့် အသိပညာတွေကို မျှဝေချင်ပါတယ်။ တင်ပြချက်တွေအပေါ် ဆွေးနွေးဖို့လည်း တိုက်တွန်းချင် ပါတယ်။ 

ကိုယ်၏ ကျန်းမာခြင်း၊ စိတ်၏ ချမ်းသာခြင်းပြည့်စုံကြပါစေ။


ပါမောက္ခဒေါက်တာအောင်ထွန်းသက် 


အစီအစဉ် (၁) COVID-19 ပျံ့နှံ့နေသော ကာလအတွင်း ဖြောင့်မတ်တည်ကြည်မှု အစဉ်အလာကို ထိန်းသိမ်းခြင်း အား အောက်ပါ Link တွင် ဖတ်ရှုနိုင်ပါသည် ->

အစီအစဉ် (၁) Maintain Culture of Integrity during COVID-19 Pandemic အား အောက်ပါ Link တွင် ဖတ်ရှုနိုင်ပါသည် ->

ဆက်စပ် သတင်းများ