လူ့စွမ်းအားအရင်းအမြစ် စီမံခန့်ခွဲမှုစနစ်တွင် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်နှင့်စပ်လျဉ်း၍ အကြိုညှိနှိုင်းအစည်းအဝေး ကျင်းပ

  • Thu, 12 March 2020

လူ့စွမ်းအားအရင်းအမြစ် စီမံခန့်ခွဲမှုစနစ်တွင် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်နှင့်စပ်လျဉ်း၍ အကြိုညှိနှိုင်းအစည်းအဝေး ကျင်းပ


နေပြည်တော်၊ မတ်လ ၁၂


အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်သည် ပြည်ထောင်စုဝန်ကြီးဌာန၊ အဖွဲ့အစည်း (၂၂)ခုရှိ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit – CPU) များမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ် LEAP စီမံကိန်းမှ  ကျွမ်းကျင်သူနှင့်ပညာရှင် တို့သည် လူ့စွမ်းအားအရင်းအမြစ် စီမံခန့်ခွဲမှုစနစ်တွင် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်သည့် အကြိုညှိနှိုင်းအစည်းအဝေးကို နေပြည်တော်၊  Park Royal Hotel တွင် ယနေ့ နံနက် (၁၀:၀၀) နာရီ၌ ကျင်းပသည်။

အကြိုညှိနှိုင်းအစည်းအဝေးတွင် ကော်မရှင်အဖွဲ့ဝင် ဦးဇော်ဝင်း၊ ကော်မရှင်အဖွဲ့ဝင် ဒေါ်မြတ်မြတ်စိုး၊ UNDP မှ LEAP Project Manager Ms. Valentina Bianchini နှင့် ကျွမ်းကျင်သူ ပညာရှင် Prof, Mr. Federico Ceschel တို့က အစည်းအဝေးနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးရာတွင် လူစွမ်းအား အရင်းအမြစ် စီမံခန့်ခွဲမှုနယ်ပယ်၌ အဂတိလိုက်စားနိုင်ခြေ အန္တရာယ်ရှိမှုကို စီမံခန့်ခွဲနိုင်ရန် (Corruption  Risk Management – CRM)  နှင့် ကောင်းမွန်သောစီမံခန့်ခွဲမှု အလေ့အကျင့်များကို မျှဝေရန်ရည်ရွယ်ပြီး၊ CPU များအတွက် အလုပ်ရုံဆွေးနွေးပွဲ တစ်ရပ်ကို ၂၀၂၀ ပြည့်နှစ် မေလအတွင်း ကျင်းပရန် လျာထားပါကြောင်း၊ အလုပ်ရုံဆွေးနွေးပွဲမတိုင်မီ CPU အဖွဲ့များမှ လုပ်ငန်း အကောင်အထည်ဖော်ရာတွင်  လိုအပ်မှုများကို ဆွေးနွေးနိုင်ရေးအတွက် ယခု အကြိုညှိနှိုင်းခြင်း ဖြစ်ကြောင်း၊ ပြည်ထောင်စုဝန်ကြီးဌာနများအလိုက် CPU အဖွဲ့များ ဖွဲ့စည်းထားသည်မှာ သက်တမ်းတစ်နှစ် ကျော်ပြီဖြစ်၍ အထိုက်အလျောက် အောင်မြင်နေပြီဖြစ်ကြောင်း၊ CPU အဖွဲ့များ၏ လုပ်ငန်းတာဝန် (၃) ရပ်၊ အစီအစဉ် (၆) ချက် ကိုလည်း အတည်ပြု ထုတ်ပြန်ထားပြီးဖြစ်ရာ အစီအစဉ် (၆) ချက်မှ အမှတ်စဉ် (၃) ပါ အဂတိလိုက်စားနိုင်ခြေ အန္တရာယ်ရှိသော ဥပဒေ၊ စည်းမျဉ်းစည်းကမ်း အမိန့်ညွှန်ကြားချက်များကို စိစစ်သုံးသပ်ပြီး စီမံခန့်ခွဲနိုင်ရေးအတွက် စုပေါင်းဆွေးနွေးနိုင်ရန်ဖြစ်ကြောင်း၊ CPU အဖွဲ့များ၏ လုပ်ဆောင်ချက်များ အောင်မြင်လျှင် လာဘ်ပေးလာဘ်ယူနှင့် အဂတိလိုက်စားမှုကို ကြိုတင် တားဆီးကာကွယ် နိုင်မည်ဖြစ်ကြောင်း ဆွေးနွေးကြပါသည်။


ဆက်လက်၍ တက်ရောက်လာကြသော CPU အဖွဲ့ တာဝန်ရှိသူများအား အုပ်စုများခွဲ၍ ဆွေးနွေးရာ နေ့လယ် (၂:၀၀) နာရီတွင် အစည်းအဝေး ပြီးမြောက်ခဲ့ပြီး စုစုပေါင်း (၇၀)ဦးခန့် တက်ရောက်ခဲ့ပါသည်။


ဆက်စပ် သတင်းများ