အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး အခြေခံစစ်ဆေးရေးမှူးသင်တန်းအမှတ်စဉ်(၁/၂၀၂၀)ဖွင့်လှစ်

  • Tue, 10 March 2020

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး အခြေခံစစ်ဆေးရေးမှူးသင်တန်းအမှတ်စဉ်(၁/၂၀၂၀)ဖွင့်လှစ်


တောင်ငူ၊ မတ်လ ၁၀


အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ အခြေခံစစ်ဆေးရေးမှူးသင်တန်း အမှတ်စဉ် (၁/၂၀၂၀) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၀၉:၀၀ နာရီတွင် ပြည်ထဲရေးဝန်ကြီးဌာန၊ အထူးစုံစမ်း စစ်ဆေးရေးဦးစီးဌာန၊ စုံစမ်းစစ်ဆေးမှုအတတ်ပညာသင်ကျောင်း၊ တောင်ငူမြို့၌ ပြုလုပ်သည်။


အခမ်းအနားတွင် ကော်မရှင်ရုံး၊ စစ်ဆေးရေးမှူးချုပ် ဦးသန့်ဇော်က သင်တန်းဖွင့်အမှာစကား ပြောကြားပြီး အခမ်းအနားသို့ ကော်မရှင်ရုံးနှင့် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး များ၊ သင်တန်းကျောင်း ကျောင်းအုပ်ကြီး၊ နည်းပြများနှင့် သင်တန်းသား/ သင်တန်းသူ စုစုပေါင်း (၈၀) ဦးခန့် တက်ရောက်ပါသည်။


သင်တန်းသို့ ကော်မရှင်ရုံး တားဆီးကာကွယ်ရေးနှင့် စုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ သတင်းတိုင်ကြားစာနှင့်စုံစမ်းစစ်ဆေးရေးဌာနတွင် တာဝန်ထမ်းဆောင်ကြမည့် ဒုတိယစုံစမ်းရေးမှူး (၃၃) ဦး၊ လက်ထောက်စုံစမ်းရေးမှူး (၃၁)ဦးတို့ တက်ရောက်ကြပြီး ဥပဒေဘာသာရပ်၊ စုံစမ်း စစ်ဆေးခြင်းဘာသာရပ်၊ တရားစွဲဆိုခြင်းနှင့် တရားရုံးတွင်စစ်ဆေးဆောင်ရွက်ခြင်း ဘာသာရပ်များကို  သက်ဆိုင်ရာဌာနများမှ နည်းပြများက ပို့ချသွားမည်ဖြစ်ပါသည်။


သင်တန်းကို ၂၀၂၀ ပြည့်နှစ် မတ်လ(၁၀)ရက်နေ့မှ မေလ(၁၅)ရက်နေ့အထိ ရက်သတ္တ(၁၀) ပတ်ကြာ ဖွင့်လှစ်သင်ကြားမည်ဖြစ်ပါသည်။

 

ဆက်စပ် သတင်းများ