ကော်မရှင်အတွင်းရေးမှူး ဦးစန်းဝင်း အမေရိကန်သံရုံးမှ ဒုတိယအတွင်းဝန်များအား လက်ခံတွေ့ဆုံ

  • Tue, 25 February 2020

ကော်မရှင်အတွင်းရေးမှူး ဦးစန်းဝင်း အမေရိကန်သံရုံးမှ ဒုတိယအတွင်းဝန်များအား လက်ခံတွေ့ဆုံ


၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၂၅


အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အတွင်းရေးမှူး ဦးစန်းဝင်း ဦးဆောင်သော အဖွဲ့သည် ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးမှ ဒုတိယအတွင်းဝန်များဖြစ်ကြသော Mr. Chris Hobb ၊ Ms. Sofia Quesada နှင့် Senior Rule of Law and Governance Advisor ဖြစ်သူ Mr. Mark Silva တို့အား ယနေ့နေ့လည် ၂ နာရီတွင် ကော်မရှင်ရုံး၊ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

တွေ့ဆုံဆွေးနွေးရာတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့်ပတ်သက်၍ ယခင် နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခဲ့မှု အခြေအနေများ ၊ ဆက်လက်ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ပါသည်။

 

တွေ့ဆုံဆွေးနွေးပွဲသို့ ကော်မရှင်အဖွဲ့ဝင် ဦးဇော်ဝင်း ၊ အဖွဲ့ဝင် ဒေါ်မြတ်မြတ်စိုးနှင့် ကော်မရှင်ရုံး ညွှန်ကြားရေးမှူးချုပ်တို့ တက်ရောက်ခဲ့ပါသည်။

ဆက်စပ် သတင်းများ