အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည် အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့မှ 2019 IMF Article IV Consultation Mission မှ Mission Chief Mr. Shanaka Jayanath Peiris နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ

  • Tue, 17 December 2019

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည် အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့မှ 2019 IMF Article IV Consultation Mission မှ Mission Chief Mr. Shanaka Jayanath Peiris နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ


နေပြည်တော်၊ ဒီဇင်ဘာလ ၁၇
    အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည် ဦးဆောင်သော အဖွဲ့သည် အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ 2019 IMF Article IV Consultation Mission မှ Mission Chief ဖြစ်သူ Mr. Shanaka Jayanath Peiris ဦးဆောင်သော အဖွဲ့အား ယနေ့ နေ့လည် (၁၄:၀၀) နာရီအချိန်တွင် ကော်မရှင်ရုံး၊ စုပေါင်းခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

    တွေ့ဆုံပွဲတွင် ကော်မရှင်၏ မဟာဗျူဟာစီမံချက် (၂၀၁၈-၂၀၂၁)နှင့် နှစ်အလိုက်လုပ်ငန်း စီမံချက်ပါအတိုင်း ဆောင်ရွက်နေမှု အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

    တွေ့ဆုံပွဲသို့ ကော်မရှင်အဖွဲ့ဝင်များ၊ ကော်မရှင်ရုံးမှ ညွှန်ကြားရေးမှူးချုပ်များနှင့် ရုံးဝန်ထမ်းများ တက်ရောက်ခဲ့ပါသည်။

ဆက်စပ် သတင်းများ