အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်သည် မြန်မာနိုင်ငံဆိုင်ရာ နော်ဝေသံအမတ်ကြီး H.E. Ms. Tone Tinnes အား လက်ခံတွေ့ဆုံခြင်း

  • Tue, 9 July 2019

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်သည် မြန်မာနိုင်ငံဆိုင်ရာ နော်ဝေသံအမတ်ကြီး H.E. Ms. Tone Tinnes အား လက်ခံတွေ့ဆုံခြင်း


အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်သည် မြန်မာနိုင်ငံဆိုင်ရာ နော်ဝေ သံအမတ်ကြီး H.E. Ms. Tone Tinnes အား ယနေ့ (၁၄:၃၀) နာရီတွင် နေပြည်တော်ရှိ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံပါသည်။

တွေ့ဆုံစဉ် နှစ်ဦးနှစ်ဖက်ကျွမ်းကျင်မှုနှင့် နည်းပညာဆိုင်ရာ အကူအညီပေးရေးကိစ္စရပ်များ အထူးသဖြင့် ငါးလုပ်ငန်းကဏ္ဍတွင် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မည့် ကိစ္စရပ်များအပေါ် ဆွေးနွေးကြပါသည်။

တွေ့ဆုံပွဲသို့ ကော်မရှင်ဥက္ကဋ္ဌ၊ အတွင်းရေးမှူး နှင့် ကော်မရှင် အဖွဲ့ဝင်များ၊ ကော်မရှင်ရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ကြပါသည်။

ဆက်စပ် သတင်းများ