မြောင်းမြမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ မန်နေဂျာ ဒေါ်မာလာတင် (ယခု ကျောင်းကုန်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်)အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ် အရေးယူ

  • Tue, 21 May 2019

နေပြည်တော် မေလ(   ၂၁   )ရက်

          ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်အတွင်း တောင်သူလယ်သမားများ၏ စပါး ရာသီအလိုက် စိုက်ပျိုးစရိတ် ချေးငွေထုတ်ချေးရာတွင်  မြောင်းမြမြို့နယ် စိုက်ပျိုးရေးဘဏ် မန်နေဂျာ ဒေါ်မာလာတင်သည် တောင်သူလယ်သမားများ၏ အခက်အခဲများအပေါ် အခွင့်ကောင်းယူကာ လာဘ်ငွေရယူ အဂတိလိုက်စားပြီး ဥပဒေ စည်းမျဉ်းစည်းကမ်းပြင်ပ ဆောင်ရွက်နေခြင်းအား အရေးယူပေးပါရန် ဤကော်မရှင်သို့တိုင်ကြားခဲ့ပါသည်။

တိုင်ကြားစာအရ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေး အဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာ မြောင်းမြမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ မန်နေဂျာ ဒေါ်မာလာတင်သည် လေးအိမ်တန်းကျေးရွာအုပ်စုမှ တောင်သူ (၁၄)ဦး၏ ၂၀၁၆ ခုနှစ် မိုးစပါး စိုက်ပျိုးစရိတ် ချေးငွေကျပ် ၁၈၉၇၀၅၆ဝိ/- ကို ၂၀-၇-၂၀၁၇ ရက်နေ့တွင် ပေးဆပ်သည်ဟု မြန်မာ့စီးပွားရေးဘဏ်သို့ ပေးသွင်းခဲ့ကြောင်း၊ ၂၁-၇-၂၀၁၇ ရက်နေ့တွင် ယင်းတောင်သူ (၁၄)ဦးအား ၂၀၁၇ ခုနှစ်၊ မိုးစပါး စိုက်ပျိုးစရိတ် ချေးငွေသစ် ထုတ်ချေး ပေးခဲ့ကြောင်း၊ ၂၀၁၆ ခုနှစ် မိုးစပါးစိုက်ပျိုးစရိတ်မှ ချေးငွေ ပေးဆပ်ရန်ကျန် တောင်သူ (၁၁)ဦး၏ တစ်ဦးချင်း ပြန်လည်ပေးဆပ်သည့် ချေးငွေကျပ် ၁၅၄၁၁၀၀ဝိ/-နှင့် ငါးရာခိုင်နှုန်း အတိုးဖြင့် အပိုဆောင်းပေးရငွေကျပ် ၇၇၀၅၅ဝိ/-အား ဒေါ်မာလာတင်က ကိုယ်တိုင် လက်ခံ ရယူခဲ့ကြောင်း၊ မြောင်းမြမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမန်နေဂျာ ဒေါ်မာလာတင် သည်  ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ အတိုးငါးရာခိုင်နှုန်း ကျပ် ၇၇၀၅၅ဝိ/-ကို မိမိ ကိုယ်ကျိုးအတွက် ရယူခြင်းဖြင့် အဂတိလိုက်စားမှုကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေး ပေါ်ပေါက်သဖြင့် မြောင်းမြမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ မန်နေဂျာ ဒေါ်မာလာတင် (ယခု ကျောင်းကုန်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်)အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရ ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့မရဲစခန်းတွင်   ၂၁-၅-၂၀၁၉ ရက်နေ့၌ ပထမသတင်းပေးတိုင်ကြားချက် ဖွင့်လှစ်၍ တရားစွဲဆို အရေးယူ နိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

ဆက်စပ် သတင်းများ