အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

  • Fri, 22 February 2019

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးမှ ရုံးသုံးကွန်ပျူတာ Desktop (၂၀)စုံ၊ Laptop (၁၅)လုံး၊ Printer (B/W) (၂၀)လုံး၊ Printer Color(၅)လုံး၊ Copier (Copier, Printer, Scanner) (၅)လုံး နှင့် Air Conditioner 1.5HP, Split Type (၂၅)လုံး စသည့် ရုံးသုံးစက်ကိရိယာများကို မြန်မာကျပ်ငွေဖြင့် ဝယ်ယူမည်ဖြစ်ပါသည်။

ပစ္စည်းတင်သွင်းလိုသော အရောင်းဆိုင်/ကုမ္ပဏီများအနေဖြင့် မိမိတို့တင်သွင်းလိုသည့် ပစ္စည်း၏ အမျိုးအစားအမှတ်တံဆိပ်၊ စံချိန်၊ စံညွှန်း အချက်အလက်များပါဝင်သည့် စျေးနှုန်းအဆိုပြုလွှာအား အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီသို့ (၈-၃-၂၀၁၉) ရက်နေ့ နောက်ဆုံးထား တင်သွင်းရန် ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ ပစ္စည်းတင်သွင်းခြင်းနှင့် ပတ်သက်၍ အသေးစိတ်အချက်အလက်များ သိရှိလိုပါက အောက်ပါလိပ်စာသို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်-

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊

အုပ်စု(၁)၊ အားကစားလေ့ကျင့်ရေးစခန်း၊

ဝဏ္ဏသိဒ္ဓိရပ်ကွက်၊ ဇမ္ဗူသီရိမြို့နယ်၊ နေပြည်တော်။

ဖုန်း- ၀၆၇-၈၁၀၃၃၄၇။

 

 

တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ

                                                     အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး

ဆက်စပ် သတင်းများ