အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အင်္ဂလိပ်စာကျွမ်းကျင်မှု စွမ်းရည်မြှင့်တင်ရေးသင်တန်းအမှတ်စဉ် (၁/၂၀၂၄) ဆင်းပွဲကျင်းပ

  • Fri, 24 May 2024

နေပြည်တော်၊ မေလ ၂၅ ရက်

            အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အနေဖြင့် အင်္ဂလိပ်စာကျွမ်းကျင်မှု စွမ်းရည်မြှင့်သင်တန်းအမှတ်စဉ် (၁/၂၀၂၄) ဆင်းပွဲအခမ်းအနားကို ၂၀၂၄ ခုနှစ်၊ မေလ ၂၅ ရက်နေ့ နံနက် ၀၉:၃၀ နာရီတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ကော်မရှင်ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် ကော်မရှင်အဖွဲ့ဝင်များ၊ ကော်မရှင်ရုံး အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် သင်တန်းသား၊ သင်တန်းသူ (၂၃) ဦး တက်ရောက်ခဲ့ပါသည်။

            သင်တန်းဆင်းပွဲ အခမ်းအနားတွင် ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေးက အဖွင့်အမှာစကား ပြောကြားရာ၌ ယခုသင်တန်းတက်ရောက်ခြင်းဖြင့် အင်္ဂလိပ်စာစွမ်းရည် တိုးတက်လာမည်ဖြစ်ကြောင်း၊ အင်္ဂလိပ်စာစွမ်းရည်သည် တစ်နိုင်ငံနှင့် တစ်နိုင်ငံ ပြောဆိုဆက်ဆံရာတွင် အရေးပါသည့်အတွက် ဝန်ထမ်းအားလုံး ကြိုးစားလေ့လာသင်ယူရန် လိုအပ်ကြောင်း၊ ယခုခေတ်တွင် သိလိုသည့် သတင်းအချက်အလက်များကို Internet မှတစ်ဆင့် ဖတ်ယူလေ့လာနိုင်သော်လည်း အကြောင်းအရာအများစုသည် အင်္ဂလိပ်ဘာသာဖြင့် ရေးသားဖော်ပြထားသဖြင့် Reading Skill သည်လည်း အရေးကြီးပါကြောင်း၊ အင်္ဂလိပ်စာ အရေး၊ အဖတ်၊ အပြောနှင့် နားထောင်မှုစွမ်းရည် မြင့်မားခြင်းဖြင့် ဝန်ထမ်းတစ်ဦးချင်းစီ၏ ကိုယ်ရည်ကိုယ်သွေး မြင့်မားလာစေမည့်အပြင် ဌာနနှင့်ပတ်သက်၍လည်း နိုင်ငံတကာအဆင့်အထိ ထိရောက်စွာ ချိတ်ဆက်ဆောင်ရွက်နိုင်မည်ဖြစ်သည့်အတွက် ကြိုးစားသင်ယူလေ့လာကြရန် တိုက်တွန်းပြောကြားခဲ့ပါသည်။

            ၎င်းနောက် ကော်မရှင်ဥက္ကဋ္ဌက သင်တန်းတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆုများ ရရှိခဲ့ကြသည့်သင်တန်းသူ (၃) ဦးအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် သင်တန်းတက်ရောက်ခဲ့ကြသည့် သင်တန်းသား (၂၃) ဦးကိုယ်စား သင်တန်းသားတစ်ဦးအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

အခမ်းအနားတွင် ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး က အဖွင့်အမှာစကားပြောကြားခြင်း


ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး က ပထမဆုရရှိသည့် သင်တန်းသူတစ်ဦးအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်း


ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး က ဒုတိယဆုရရှိသည့် သင်တန်းသူတစ်ဦးအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်း


ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး က တတိယဆုရရှိသည့် သင်တန်းသူတစ်ဦးအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်း


ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး က သင်တန်းသားများကိုယ်စား သင်တန်းဆင်းလက်မှတ်များကို သင်တန်းသားတစ်ဦးအား ပေးအပ်ခြင်း

ဆက်စပ် သတင်းများ