အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေးနှင့် ဝန်ထမ်းများတွေ့ဆုံပွဲကျင်းပ

  • Fri, 3 May 2024

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေးနှင့် ဝန်ထမ်းများတွေ့ဆုံပွဲကျင်းပ


နေပြည်တော်၊ မေ ၃ ရက်

    ၂၀၂၄ ခုနှစ်၊ မေလ ၃ ရက်နေ့၊ နံနက် ၁၀:၀၀ နာရီတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ စုပေါင်းစားရိပ်သာ၌ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးစစ်အေးနှင့် ဝန်ထမ်းများတွေ့ဆုံပွဲ ကျင်းပပြုလုပ်ခဲ့ရာ တွေ့ဆုံပွဲသို့ ကော်မရှင် အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များ၊ ကော်မရှင်ရုံး အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေး မှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ အရာထမ်းများနှင့် အမှုထမ်းများ တက်ရောက်ခဲ့ကြသည်။ 

    ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေးက အဖွင့်အမှာစကားပြောကြားရာ၌ ဝန်ထမ်းများအနေဖြင့် အပူချိန်လွန်ကဲမှု ဖြစ်ပေါ်နေသည့်အတွက် ဂရုစိုက်နေထိုင်ကြရန်၊ ကျန်းမာရေး ဝန်ကြီးဌာန၏လမ်းညွှန်ချက်နှင့်အညီ လိုက်နာနေထိုင်ကြရန်၊ နိုင်ငံ၏လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေများကို အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်ရန်၊ နိုင်ငံပိုင်သတင်းဌာနမှ ထုတ်လွှင့်သည့် သတင်းများအား စောင့်ကြည့်ရန် လိုအပ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် ကော်မရှင်မှ အားကိုးရသည့် အရည်အသွေးပြည့်ဝသည့် ဝန်ထမ်းများဖြစ်ရန်စဉ်ဆက်မပြတ် လေ့လာဖတ်ရှုရန်လိုကြောင်း၊ ၎င်းအပြင် ဝန်ထမ်းများသည် နိုင်ငံတော်နှင့် ဌာနအပေါ် သစ္စာရှိရန်နှင့် ဝန်ထမ်းသစ္စာအဓိဌာန် (၆) ချက်ကို စွဲမြဲစွာ မှတ်သားလိုက်ရန် လိုသည့်အပြင် လျှို့ဝှက် ထိန်းသိမ်းရမည့် သတင်းအချက်အလက်များနှင့်စပ်လျဉ်း၍ ပေါက်ကြားမှုမရှိစေရေး စနစ်တကျ လိုက်နာစောင့်ထိန်းရန်လိုကြောင်း ပြောကြားခဲ့ပါသည်။

    ဆက်လက်၍ ကော်မရှင်ရုံး၊ အမြဲတမ်းအတွင်းဝန် ဦးထိန်လင်းက ကျန်းမာရေးဝန်ကြီး ဌာန၏ နွေရာသီအပူဒဏ်ပြင်းထန်ချိန်တွင် အပူဒဏ်ကာကွယ်နိုင်ရေးအတွက် အထူးဂရုပြု ဆင်ခြင်နေထိုင်နိုင်ရေးနှင့်စပ်လျဉ်း၍ နှိုးဆော်ချက်အား ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

    ကော်မရှင်ဉက္ကဋ္ဌက မေလအတွက် “မိဘနှင့်သားသမီး၊ ဆရာနှင့်တပည့် လစဉ်စောင့်ရှောက်ထောက်ပံ့ကူညီမှုအစီအစဉ်” အရ အမှုထမ်းများအတွက် ထောက်ပံ့ပစ္စည်းများကို ကော်မရှင်ရုံးအဖွဲ့၊ စီမံရေးရာဦးစီးဌာန၊ နိုင်ငံတကာရေးရာနှင့် တားဆီးကာကွယ်ရေး ဦးစီးဌာန၊ စုံစမ်းစစ်ဆေးရေးဦးစီးဌာနများမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေး မှူးချုပ် များထံ ပေးအပ်ခဲ့ပါသည်။ ၎င်းနောက် ကော်မရှင်ရုံးအဖွဲ့နှင့် ဦးစီးဌာနများရှိ ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် ကော်မရှင်ဥက္ကဋ္ဌက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။

ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး က ကော်မရှင်ရုံးအဖွဲ့မှ အမှုထမ်းဝန်ထမ်းများအတွက် ထောက်ပံ့ပစ္စည်းများကို အမြဲတမ်းအတွင်းဝန် ဦးထိန်လင်း အား ပေးအပ်ခြင်း


ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး က စီမံရေးရာဦးစီးဌာနမှ အမှုထမ်းဝန်ထမ်းများအတွက် ထောက်ပံ့ပစ္စည်းများကို ညွှန်ကြားရေးမှူးချုပ် ဦးလွင်အောင် အား ပေးအပ်ခြင်း

ကော်မရှင်ဥက္ကဋ္ဌ က နိုင်ငံတကာရေးရာနှင့်တားဆီးကာကွယ်ရေးဦးစီးဌာနမှ အမှုထမ်းဝန်ထမ်းများအတွက် ထောက်ပံ့ပစ္စည်းများကို ညွှန်ကြားရေးမှူးချုပ်

ဦးကောင်းဇော်သန့် အား ပေးအပ်ခြင်း


ကော်မရှင်ဥက္ကဋ္ဌ က စုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ အမှုထမ်းဝန်ထမ်းများအတွက် ထောက်ပံ့ပစ္စည်းများကို ညွှန်ကြားရေးမှူးချုပ် ဦးဇော်မင်းထွန်း အား ပေးအပ်ခြင်း


အခမ်းအနားတွင် ကော်မရှင်ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ကော်မရှင်အဖွဲ့ဝင်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခြင်း

ကော်မရှင်ရုံးမှ အမြဲတမ်းအတွင်းဝန် ဦးထိန်လင်းက ကျန်းမာရေးဝန်ကြီးဌာန၏ နွေရာသီအပူဒဏ် ပြင်းထန်ချိန်တွင် အပူဒဏ်ကာကွယ်နိုင်ရေးအတွက် အထူးဂရုပြုဆင်ခြင်နေထိုင်နိုင်ရေးနှင့် စပ်လျဉ်း၍ နိုးဆော်ချက်အား ရှင်းလင်းဆွေးနွေးခြင်း

ဆက်စပ် သတင်းများ