အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဝန်ထမ်းမိသားစုများ၏ မြန်မာ့နှစ်ဆန်း ၁ ရက်နေ့ အန္တရာယ်ကင်း ပရိတ်တရားတော်များနာယူခြင်း အခမ်းအနားကျင်းပ

  • Wed, 17 April 2024

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဝန်ထမ်းမိသားစုများ၏ မြန်မာ့နှစ်ဆန်း ၁ ရက်နေ့ အန္တရာယ်ကင်း ပရိတ်တရားတော်များနာယူခြင်း အခမ်းအနားကျင်းပ


နေပြည်တော်၊ ဧပြီ ၁၇ ရက်

    အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဝန်ထမ်းမိသားစုများ၏ မြန်မာ့နှစ်ဆန်း ၁ ရက်နေ့ အန္တရာယ်ကင်း ပရိတ်တရားတော်များ နာယူသည့်အခမ်းအနားကို ယနေ့ ညနေ ၃ နာရီတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ စုပေါင်းခန်းမ၌ ကျင်းပရာ အမြဲတမ်းအတွင်းဝန် ဦးထိန်လင်းနှင့် ကော်မရှင်ရုံး အရာထမ်း၊ အမှုထမ်းများက သံဃာတော်အရှင် သူမြတ်တို့ထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြပြီး ပင့်သံဃာတော်အရှင်သူမြတ်တို့က အန္တရာယ်ကင်း ပရိတ်တရားတော်များ ချီးမြှင့်ကာ ကမ္မဝါစာများကို ရွတ်ဖတ်သရဇ္ဈယ်ကြသည်။ ထို့နောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး အမြဲတမ်းအတွင်းဝန်နှင့် ဝန်ထမ်းများကလှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းကြပြီး ရေစက်သွန်းချ အမျှပေးဝေကြကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြပါသည်။

ဆက်စပ် သတင်းများ