အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး နေပြည်တော်ရှိ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ ဝန်ထမ်းအိမ်ရာများ ကြည့်ရှုစစ်ဆေး

  • Sat, 6 April 2024

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး နေပြည်တော်ရှိ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ ဝန်ထမ်းအိမ်ရာများ ကြည့်ရှုစစ်ဆေး


နေပြည်တော်၊ ဧပြီ ၆ ရက်

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး၊ အတွင်းရေးမှူးနှင့် ကော်မရှင်အဖွဲ့ဝင်များ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့်အတူ ယနေ့ ညနေပိုင်းတွင် ဇမ္ဗူသီရိမြို့နယ်၊ ဗလသိဒ္ဓိရပ်ကွက်၊ ဓနသိဒ္ဓိရပ်ကွက်၊ ဘောဂသိဒ္ဓိရပ်ကွက်၊ သုခသိဒ္ဓိရပ်ကွက်တို့ရှိ ကော်မရှင်ရုံးမှ အရာထမ်း၊ အမှုထမ်းများ နေထိုင်သည့် အိမ်ရာများ၊ လူပျိုနှင့် အပျိုဆောင်များသို့ သွားရောက်၍ အိမ်ရာ၊ အဆောင်စည်းကမ်းချက်များနှင့်အညီ နေထိုင်ရေး၊ အဆောက်အဦများ ပြုပြုင်ထိန်းသိမ်းရေး၊ ရေ၊ မီးနှင့် ရေနုတ်မြောင်းစနစ်များ ကောင်းမွန်ရေး၊ သန့်ရှင်းသာယာရေး၊ လုံခြုံရေး အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးပြီး ကော်မရှင် ဥက္ကဋ္ဌ ဦးစစ်အေးက ဝန်ထမ်းအိမ်ရာ များတွင် နေထိုင်သော ဝန်ထမ်းများအနေဖြင့် အိမ်ရာနှင့် အဆောင်လုံခြုံရေးအတွက် အသိ၊ သတိဖြင့် နေထိုင်ကြရန် အဆောင်စည်းကမ်း၊ တိုက်စည်းကမ်းလိုက်နာကြရန်၊ ဧည့်သည်များ လာရောက်ပါက ခွင့်ပြုချက်ဖြင့်တည်းခိုရန်၊ မသက်ဆိုင်သူများ လက်ခံထားရှိခြင်းမပြုရန်၊ ဧည့်စာရင်းတိုင်ကြားရန်၊  အမှိုက်များ စွန့်ပစ်ရာတွင် စနစ်တကျ စွန့်ပစ်ရန်၊ ဝန်ထမ်းအိမ်ရာနှင့် အဆောင်ပတ်ဝန်းကျင်ရှိ ရေနုတ်မြောင်းများ ရေစီးရေလာ ကောင်းမွန်ရေး ဆောင်ရွက်ရန်၊ လျှပ်စစ်မီးနှင့် ရေများကို လေလွင့်မှုမရှိစေရန်၊ စနစ်တသုံးစွဲရန် နှင့် မီးဘေးအန္တရာယ် ကင်းရှင်းရေး စီမံဆောင်ရွက်ရန်၊ လုံခြုံရေးအထူးသတိပြုရန်၊ တိုက်တာဝန်ခံ၊ ဒုတိယတိုက်တာဝန်ခံများအနေဖြင့် ဧည့်စာရင်းအပါအဝင် သန့်ရှင်းရေးနှင့် စည်းကမ်းတကျ နေထိုင်ရေးအတွက် စစ်ဆေးကြပ်မတ် ကြရန်၊ မိသားစုစိတ်ဓာတ်ဖြင့် စည်းလုံးညီညွတ်စွာ နေထိုင်ကြရန် မှာကြားခဲ့သည်။ 








ဆက်စပ် သတင်းများ