အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးခြင်းကျင်းပ

  • Tue, 2 April 2024

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးခြင်းကျင်းပ


တောင်ကြီး ဧပြီ ၂ ရက်

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀:၀၀ နာရီက တောင်ကြီးမြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်သည်။ 

    အခမ်းအနားတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ဦးမောင်မောင်တင့်က အဖွင့်အမှာစကားပြောကြားရာ၌ အဂတိလိုက်စားမှုသည် ယနေ့မျက်မှောက်ကာလတွင် ကပ်ရောဂါသဖွယ် ပျံ့နှံ့လျက်ရှိပါကြောင်း၊ နယ်စည်းမခြားဘဲ အဂတိလိုက်စားမှု ပုံသဏ္ဌာန် အမျိုးမျိုးဖြစ်ပေါ်နေပါကြောင်း၊ အဂတိလိုက်စားမှုကြောင့် နိုင်ငံရေး၊ စီးပွားရေး၊ စီမံခန့်ခွဲရေးနှင့် လူမှုရေးဆိုင်ရာအဖွဲ့အစည်းတန်ဖိုးများ၊ လိုက်နာစောင့်ထိန်းကျင့်သုံးရမည့် ကျင့်ဝတ်စာရိတ္တဆိုင်ရာ ဝတ္တရားများ၊ တရားမျှတမှုဆိုင်ရာတန်ဖိုးများကို ပျက်စီးစေလျက်ရှိပါကြောင်း၊ လူ့အဖွဲ့အစည်း တစ်ရပ်လုံး၏ တည်ငြိမ်အေးချမ်းမှုနှင့် လုံခြုံရေးအပေါ် ဆိုးကျိုးသက်ရောက်စေသည့် အဂတိ လိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်များတွင် တစ်ဦးတစ်ယောက်မှစ၍ ကဏ္ဍအသီးသီးမှ ပုဂ္ဂိုလ်များအားလုံး ပူးပေါင်းပါဝင်လာစေရန် အဂတိလိုက်စားမှုကို လက်မခံသည့်၊ ဖြောင့်မတ်တည်ကြည်မှုရှိသည့် လူမှုအသိုက်အဝန်းတစ်ခု ဖော်ဆောင်နိုင်ရန်ရည်ရွယ်၍ ဆွေးနွေးပွဲပြုလုပ်ရခြင်း ဖြစ်ပါကြောင်း၊ 

အဂတိလိုက်စားမှုကို လာဘ်ပေးလာဘ်ယူမှုအဖြစ်သာ မှတ်ယူနေပါကြောင်း၊ အဂတိလိုက်စား မှုသည်လာဘ်ပေးလာဘ်ယူမှုထက် များစွာကျယ်ပြန့်ပါကြောင်း၊ နိုင်ငံတော်ဘဏ္ဍာနှင့် ပစ္စည်းများကို အလွဲသုံးစားပြုခြင်း၊ ပြည်သူပိုင်ပစ္စည်းများကို ကိုယ်ပိုင်အဖြစ် အသုံးပြုခြင်း၊ မလျော်ဩဇာသုံး၍ စီမံခန့်ခွဲခြင်း၊ ဆွေမျိုးကောင်းစားရေး၊ မိမိနှင့်နီးစပ်အဆင်ပြေသူ ကောင်းစားရေးအတွက် ကျင့်သုံးဆောင်ရွက်ခြင်းတို့အပြင် မလျော်ဩဇာသုံး၍ မဲဆွယ်လွှမ်းမိုးခြင်းစသည့် အကြောင်းအရာ ဆောင်ရွက်ချက်များသည်လည်း အဂတိလိုက်စားမှုမြောက်သည့် အပြုအမူဆောင်ရွက်ချက်များ ဖြစ်ပါကြောင်း၊ အချုပ်အားဖြင့် အဂတိလိုက်စားမှုသည် မိမိကိုယ်ကျိုးစီးပွားအတွက် ကိုယ်ကျင့်တရား ပျက်ယွင်းမှုမှ စတင်ကြောင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို တားဆီးကာကွယ်ခြင်း၊ အသိပညာပေးခြင်း၊ စုံစမ်းစစ်ဆေးအရေးယူခြင်း လုပ်ငန်းစဉ် (၃) ရပ်ဖြင့်‌ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရောဂါဖြစ်ပွားပြီးမှ ကုသခြင်းထက် ရောဂါမဖြစ်ပွားမီ ကြိုတင်ကာကွယ်ခြင်းက ပိုမိုကောင်းမွန်ထိရောက် သည့်အတွက် အဂတိလိုက်စားမှုများ မဖြစ်ပွားစေရန် ကြိုတင်တားဆီးကာကွယ်ခြင်းများဖြင့် နိုင်ငံတော်နှင့် နိုင်ငံ့ဝန်ထမ်းများအတွက် အလေးထားဆောင်ရွက်ရန် ဖြစ်ပါကြောင်း၊ အဂတိ လိုက်စားမှုတားဆီးကာကွယ်ခြင်းဖြင့် ကောင်းမွန်သောအုပ်ချုပ်မှု (Good Governance)၊ သန့်ရှင်းသောအစိုးရ (Clean Government) ဖြစ်ပေါ်ရေးအတွက် အမျိုးသားတာဝန်တစ်ရပ်အနေဖြင့် ဆောင်ရွက်ပေးကြရန်လိုကြောင်း တိုက်တွန်းပြောကြားခဲ့ပါသည်။

ထို့နောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ထွေးက အဂတိလိုက်စားမှုသဘောသဘာဝများ၊ အဂတိလိုက်စားမှု၏ဆိုးကျိုး သက်ရောက် မှုများ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေတို့နှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေး ပြောကြားပြီး တက်ရောက်လာသူများမှ သိရှိလိုသည့်အချက်များကို မေးမြန်းရာ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ထွေးက ပြန်လည် ရှင်းလင်းဆွေးနွေးခဲ့သည်။ 

အခမ်းအနားသို့ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ် အဆင့်တာဝန်ရှိသူများအပါအဝင် စုစုပေါင်း ၃၇၀ ဦး ပါဝင်တက်ရောက်ခဲ့ပြီး ၁၀:၅၀ နာရီတွင် အခမ်းအနားအောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။

ယင်းနောက် ကော်မရှင်အဖွဲ့ဝင် ဦးမောင်မောင်တင့်သည် နေ့လည်ပိုင်းတွင် ရှမ်းပြည်နယ် အစိုးရအဖွဲ့၊ အစည်းအဝေးခန်းမ (၁) တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ အဂတိလိုက်စားမှုတားဆီး ကာကွယ်ရေးအဖွဲ့- CPU အဖွဲ့ဝင်များနှင့် တွေ့ဆုံပြီး CPU အဖွဲ့ဝင်များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

အခမ်းအနားတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး စုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ထွေးက အဂတိလိုက်စားမှု သဘောသဘာဝများ၊ အဂတိ လိုက်စားမှု၏ဆိုးကျိုးသက်ရောက်မှုများနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခြင်း

ဆက်စပ် သတင်းများ