အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေးနှင့် ဝန်ထမ်းများတွေ့ဆုံပွဲကျင်းပ

  • Tue, 2 April 2024

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေးနှင့် ဝန်ထမ်းများတွေ့ဆုံပွဲကျင်းပ


နေပြည်တော်၊ ဧပြီ ၂ ရက်

    ၂၀၂၄ ခုနှစ်၊ ဧပြီလ ၂ ရက်နေ့၊ နံနက် ၁၀:၀၀ နာရီတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံး၊ စုပေါင်းစားရိပ်သာ၌ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးစစ်အေးနှင့် ဝန်ထမ်းများတွေ့ဆုံပွဲ ကျင်းပပြုလုပ်ခဲ့ရာတွေ့ဆုံပွဲသို့ ကော်မရှင် အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များ၊ ကော်မရှင်ရုံး အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ အရာထမ်းများနှင့် အမှုထမ်းများ တက်ရောက်ခဲ့ကြသည်။ 

    ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေးက အဖွင့်အမှာစကားပြောကြားရာ၌ ဝန်ထမ်းတစ်ဦးချင်း ကောင်းမှ နိုင်ငံကောင်းမည်ဖြစ်ကြောင်း၊ တစ်ဦးချင်း တာဝန်သိမှု၊ တာဝန်ကျေပွန်မှု ရှိရန် လိုကြောင်း၊ ဝန်ထမ်းများသည် ပြည်သူကို အလုပ်အကျွေးပြုရန်နှင့် အကာအကွယ်ပေးရန် တာဝန်ရှိကြောင်း၊ တစ်ဦးတစ်ယောက်ချင်းစီတွင် ရသင့်သည့်အခွင့်အရေးရှိသကဲ့သို့ တာဝန် ယူမှု၊ တာဝန်ခံမှုများလည်း ရှိရမည်ဖြစ်ကြောင်း၊ တာဝန်နှင့်စပ်လျဉ်း၍ အကောင်အထည် ဖော်ဆောင်ရာတွင် တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များကို သိရှိလိုက်နာရန် လိုကြောင်း ပြောကြားခဲ့ပါသည်။ဆက်လက်၍ ကော်မရှင်ရုံး၊ အမြဲတမ်းအတွင်းဝန် ဦးထိန်လင်းက ပြည်သူ့စစ်မှုထမ်း ဆိုင်ရာသိကောင်းစရာ အချက်အလက်များနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

    ကော်မရှင်ဉက္ကဋ္ဌက ဧပြီလအတွက် “မိဘနှင့်သားသမီး၊ ဆရာနှင့်တပည့် လစဉ် စောင့်ရှောက်ထောက်ပံ့ကူညီမှုအစီအစဉ်” အရ အမှုထမ်းများအတွက် ထောက်ပံ့ပစ္စည်းများကို ကော်မရှင်ရုံးအဖွဲ့၊ စီမံရေးရာဦးစီးဌာန၊ နိုင်ငံတကာရေးရာနှင့် တားဆီးကာကွယ်ရေးဦးစီးဌာန၊ စုံစမ်းစစ်ဆေးရေးဦးစီးဌာနများမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များထံ ပေးအပ်ခဲ့ပါသည်။ ၎င်းနောက် ကော်မရှင်ရုံးအဖွဲ့နှင့် ဦးစီးဌာနများရှိ ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် ကော်မရှင်ဥက္ကဋ္ဌက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။

ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး က ကော်မရှင်ရုံးအဖွဲ့မှ အမှုထမ်းဝန်ထမ်းများအတွက် ထောက်ပံ့ပစ္စည်းများကို အမြဲတမ်းအတွင်းဝန် ဦးထိန်လင်း အား ပေးအပ်ခြင်း

ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး က စီမံရေးရာဦးစီးဌာနမှ အမှုထမ်းဝန်ထမ်းများအတွက် ထောက်ပံ့ပစ္စည်းများကို ညွှန်ကြားရေးမှူးချုပ် ဦးလွင်အောင် အား ပေးအပ်ခြင်း

ကော်မရှင်ဥက္ကဋ္ဌ က နိုင်ငံတကာရေးရာနှင့်တားဆီးကာကွယ်ရေးဦးစီးဌာနမှ အမှုထမ်းဝန်ထမ်းများအတွက် ထောက်ပံ့ပစ္စည်းများကို ညွှန်ကြားရေးမှူးချုပ် ဦးကောင်းဇော်သန့် အား ပေးအပ်ခြင်း


ကော်မရှင်ဥက္ကဋ္ဌ က စုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ အမှုထမ်းဝန်ထမ်းများအတွက် ထောက်ပံ့ပစ္စည်းများကို ညွှန်ကြားရေးမှူးချုပ် ဦးဇော်မင်းထွန်း အား ပေးအပ်ခြင်း

အခမ်းအနားတွင် ကော်မရှင်ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ကော်မရှင်အဖွဲ့ဝင်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခြင်း

ကော်မရှင်ရုံးအဖွဲ့မှ အမြဲတမ်းအတွင်းဝန် ဦးထိန်လင်းက ပြည်သူ့စစ်မှုထမ်းဆိုင်ရာ သိကောင်းစရာအချက်လက်များနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခြင်း

ဆက်စပ် သတင်းများ